[latest_news_marquee]

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌသစ်ရွေးချယ်ပွဲသို့ အင်ဖန်တီနို ပါဝင်ယှဉ်ပြိုင်ဦးမယ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ လက်ရှိဥက္ကဋ္ဌ ဂျီယာနီ အင်ဖန်တီနို ဟာ လာမည့် ဥက္ကဋ္ဌရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ဦးမယ်လို့ သိရပါတယ်။

နိုင်ငံတကာသတင်းစာများ၏ ဖော်ပြချက်အရ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၂၀၀ ကျော်က အင်ဖန်တီနိုကို ပြန်လည်ရွေးချယ်ရန် တရားဝင် ထောက်ခံထားကြပြီး ၎င်းသည် ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲအတွက် တစ်ဦးတည်းသော ဝင်ရောက်ယှဉ်ပြိုင်သူအဖြစ် ရပ်တည်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဖီဖာ၏ လုပ်ပုံကိုင်ပုံများနှင့် အငြင်းပွားစရာ အခြေအနေအချို့ကြောင့် အင်ဖန်တီနိုအပေါ် ဝေဖန်မှုများနှင့် ထောက်ခံမှု လျော့ကျနိုင်သည်ဟု ယူဆမှုများ ရှိခဲ့သော်လည်း အဖွဲ့ဝင်နိုင်ငံအများစု၏ ပြိုင်ဘက်ကင်း ထောက်ခံမှုကို ဆက်လက်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

Your Ad Here
Ad Size: 336x280 px

More News