YBS ယာဉ်စီးခ တိုးမြှင့်ရန် ကြေညာခြင်းအား ပြန်လည်ပယ်ဖျက်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)က ယနေ့ ဩဂုတ် ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ယာဉ်အပိုပစ္စည်း၊ ယာဉ်နှင့်ဆက်စပ်ပစ္စည်းများ ဝယ်ယူမှုတန်ဖိုးကြီးမြင့်လာသည့်အတွက် စက်တင်ဘာ ၁ ရက်မှစတင်ကာ YBS ယာဉ်စီးခနှုန်းထားကို လက်ရှိ ၂၀၀ ကျပ်ကောက်ခံမှုအစား ၃၀၀ ကျပ်သို့ လည်းကောင်း၊ လက်ရှိ ၄၀၀ ကျပ် ကောက်ခံမှုအစား ၆၀၀ ကျပ်သို့လည်းကောင်း တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းအပေါ် YRTC မှ တွဲဖက် အတွင်းရေးမှူး လျန်ကျင့်မန်က YRTC ၏ လူမှုကွန်ရက်မှတစ်ဆင့် ပြန်လည်ပယ်ဖျက်လိုက်ကြောင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိတွင် YRTC လက်အောက်ရှိ YBS ယာဉ်အစီးရေ ၆,၀၀၀ ကျော်အနက် နေ့စဉ် ယာဉ်အစီးရေ ၃,၀၀၀ကျော်ဖြင့် မူလသတ်မှတ်ယာဉ်စီးခနှုန်းထားများအတိုင်း ဆက်လက်ပြေးဆွဲပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။
YBS, ယာဉ်စီးခ, ယာဉ်စီးခတိုးမြှင့်, ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး, YRTC,
Photos – MOI
YBS ယာဉ်စီးခ တိုးမြှင့်ရန် ကြေညာခြင်းကို ပြန်လည်ပယ်ဖျက်ကြောင်း ထုတ်ပြန်
More News




ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအတွက် ကော်မတီဖွဲ့ထား
November 2, 2026



Thai Expo Yangon 2026 ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပမည်
November 1, 2026