[latest_news_marquee]

ရန်ကုန်မြိုတွင်း ၆ မြို့နယ်အတွင်း နိုဝင်ဘာ ၁ ရက်မှစ၍ ယာဉ်ရပ်နားခကောက်ခံမည်

ရန်ကုန်မြို့ရှိ Downtown ၆ မြို့နယ်အတွင်း နိုဝင်ဘာ ၁ ရက်မှစ၍ ယာဉ်ရပ်နားခကောက်ခံသွားမှာဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) မှ အောက်တိုဘာ ၂၈ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ကြေညာချက်အရ ရန်ကုန်မြို့ရှိ Downtown ၆ မြို့နယ်အတွင်း အရှေ့ဘက် ပုဇွန်တောင်မြို့နယ်၊ ရာဇဓိရာဇ်လမ်းနှင့် အနောက်ဘက် လမ်းမတော်မြို့နယ်၊ အောင်ရတနာလမ်းကြား၊ တောင်ဘက် ကမ်းနားလမ်းနှင့် မြောက်ဘက် ဗိုလ်ချုပ်လမ်းကြားအတွင်းရှိ လမ်းမကြီးများ၊ အမည်တပ်လမ်းများ၊ နံပါတ်တပ်လမ်းများအား ဇုန် (A) မှ ဇုန် (H) ထိ ဇုန် (၈) ဇုန် ခွဲခြားသတ်မှတ်၍ ယာဉ်ရပ်နားခ ကောက်ခံခြင်းလုပ်ငန်းကို ဇုန်အလိုက် လုပ်ငန်းလုပ်ကိုင်ခွင့်ရှိသည့်သူများမှ နိုဝင်ဘာ ၁ ရက်မှစတင်၍  စတင်၍ ကောက်ခံဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တွင်း Downtown ၆ မြို့နယ်မှာ အရှေ့မှ အနောက်သို့ အစဉ်လိုက်အားဖြင့် ပုဇွန်တောင်မြို့နယ် ၊ ဗိုလ်တထောင်မြို့နယ် ၊ ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်နှင့် လမ်းမတော်မြို့နယ် တို့ဖြစ်တယ်လို့ သိရပါတယ်။

Photo – MFN/ YCDC

Your Ad Here
Ad Size: 336x280 px

More News