[latest_news_marquee]

စမတ်ဖုန်းသုံးချိန်ထက် ပိုမိုအန္တရာယ်ရှိနိုင်တဲ့ အလေ့အထတစ်ခု


စမတ်ဖုန်းကို တစ်နေ့တာအတွင်း အချိန်ဘယ်လောက်ကြာကြာ အသုံးပြုသလဲဆိုတာထက် ဖုန်းကိုင်ထားပြီး အကြောင်းအရာအသစ်တွေကို အထက်အောက်အဆက်မပြတ်ဆွဲကြည့်နေတတ်တဲ့ အလေ့အထတစ်ခုက ပိုမိုစိုးရိမ်စရာဖြစ်နိုင်ကြောင်း Semmelweis University မှ သုတေသီများရဲ့လေ့လာမှုက ဖော်ပြထားပါတယ်။

သုတေသနမှာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များကိုလေ့လာခဲ့ပြီး ဖုန်းအသုံးပြုချိန်၊ အသုံးပြုပုံ၊ အာရုံစူးစိုက်နိုင်မှု၊ မှတ်ဉာဏ်နဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို စစ်ဆေးခဲ့ပါတယ်။ ရလဒ် အရ ဖုန်းကိုအသုံးပြုချိန် ကြာတာတစ်ခုတည်းထက် လူမှုကွန်ရက်ပေါ်က အကြောင်းအရာတွေ၊ ဗီဒီယိုတို တွေကို ရပ်နားခြင်းမရှိဘဲ အဆက်မပြတ်ဆွဲကြည့်လေ့ရှိတဲ့ အလေ့အထက အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်အပေါ် ပိုမိုသက်ရောက်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဖုန်းအသုံးပြုချိန်များခြင်းဟာ ကိုယ်ခန္ဓာပိုင်းသက်ရောက်မှုတွေနဲ့ ပိုမိုဆက်စပ် နေကြောင်းတွေ့ရှိခဲ့ပါတယ်။ အထူးသဖြင့် ဖုန်းကို အောက်ငုံ့ကြည့်လေ့ရှိခြင်းက text neck ဖြစ်စေပြီး လည်ပင်းနဲ့ ခန္ဓာကိုယ်ဟန်ချက်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ ယခုလေ့လာမှုက ဆက်စပ်မှုကိုသာ ဖော်ပြထားတာဖြစ်တယ်လို့ သုတေသီများကဆိုပါတယ်။

Your Ad Here
Ad Size: 336x280 px

More News