အခြေခံစားကုန် တစ်ခုဖြစ်တဲ့ ကြက်သွန်နီဈေးနှုန်းဟာ ယခု ဩဂုတ်လအတွင်းမှစ၍ လက်လီဈေးကွက်အတွင်း တစ်ပိဿာကို ငွေကျပ် ၇၀၀၀ ကျော်အထိ ဈေးမြင့်တက်နေတယ်လို့ ကြက်သွန်ကုန်သည်များနဲ့ ဈေးဝယ်အိမ်ရှင်မများထံမှ သိရပါတယ်။
ဘုရင့်နောင်ပွဲရုံ၏ ကြက်သွန်နီကုန်သည်တစ်ဦး ပြောကြားချက်အရ ကြက်သွန်နီဈေး မြင့်မားနေခြင်းဟာ ပြည်ပဝယ်လိုအားမြင့်တက်လာမှု၊ ပြည်တွင်း၌ ကြက်သွန် အစိုက်နည်းပြီး လက်ကျန် နည်းပါးလာမှုနဲ့ သဘာဝဘေးတို့ကြောင့်ဖြစ်ပြီး ယခုလအတွင်း၌ တရိပ်ရိပ်ဖြင့် ဈေးမြင့်တက်လာရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ထို့အပြင် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာတာကလည်း ကြက်သွန်နီဈေးမြင့်တက်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ပါပါတယ်”လို့ ဆိုပါတယ်။
ဩဂုတ် ၁၈ ရက်နေ့မှာ ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ထုတ်ပြန်တဲ့ စာရင်းအရ ကြက်သွန်နီဈေးဟာ လက်ရှိ တစ်ပိဿာ ကျပ် ၆၄၀၀ ဝန်းကျင်အထိ လက်လီဈေးကွက်မှာလည်း တစ်ပိဿာကို ငွေကျပ် ၇,၅၀၀ ဝန်းကျင်အထိ အရောင်းအဝယ် ဖြစ်နေတယ်လို့ ဈေးဝယ်အိမ်ရှင်မများထံမှ သိရပါတယ်။
Photos- MFN/ MOI
ကြက်သွန်နီ, စားဖိုဆောင်သီးနှံ,






