[latest_news_marquee]

ရွှေပြည်သာမြို့နယ်အတွင်း CCTV များကို ပြန်လည်တပ်ဆင်နိုင်ရေး ဆောင်ရွက်နေပြီး ပုဂ္ဂလိကကုမ္ပဏီနှင့် ချိတ်ဆက်ထားဟုဆို

ရွှေပြည်သာမြို့နယ်အတွင်း CCTV များကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဦးစီး၍ပြန်လည်တပ်ဆင်နိုင်ရေး ဆောင်ရွက်နေသလို ပုဂ္ဂလိကကုမ္ပဏီနှင့်ပါ ချိတ်ဆက်ဆောင်ရွက်ထားကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်ကပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ရွှေပြည်သာမြို့နယ်သည် ရပ်ကွက် (၂၃)ရပ်ကွက်၊ ကျေးရွာအုပ်စု ၄ အုပ်စု၊ ကျေးရွာ ၅ ရွာဖြင့် ဖွဲ့စည်းထားရှိပြီး အိမ်ခြေ ၇၆၂၅၂ အိမ်၊ အိမ်ထောင်စု ၇၉၆၀၄ စု၊ လူဦးရေ ကျား ၁၇၅၁၇၈ ဦး၊ မ ၉၄၁၈၈ ဦး ရှိပြီး လူနှင့် ယာဉ်အသွားအလာ များပြားလာသည်နှင့်အမျှ ခိုးမှု၊ လုယက်မှု၊ နေအိမ်ဖောက်ထွင်းမှု၊ ယာဉ်မတော်တဆမှု၊ လမ်းအသုံးပြုသူများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုများ၊ လုံခြုံရေးဆိုင်ရာ ဖြစ်စဉ်များနှင့် မှုခင်းများကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဖော်ထုတ်နိုင်ရန်၊ အများပြည်သူများ စိတ်ချလုံခြုံစွာ သွားလာနေထိုင်နိုင်ရန်အတွက် ၂၀၁၉ ခုနှစ်မှစ၍ အမှတ်(၄)လမ်းမကြီး တညင်းကုန်းလမ်းဆုံ မီးပွိုင့်တွင် CCTV ၂ လုံး၊ ကန်သာယာလမ်းဆုံတွင် CCTV ၂ လုံး၊ ရွှေပြည်သာကွေ့မီးပွိုင့်တွင် CCTV ၂ လုံး၊ ငါးကန်ထိပ် အမှတ်(၄)လမ်းနှင့် အောင်ချမ်းသာလမ်းဆုံတွင် CCTV ၂ လုံး၊ လှော်ကား-တာဆုံမီးပွိုင့်တွင် CCTV ၂ လုံးတို့ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က Control Center တွင် စောင့်ကြည့်ထိန်းချုပ်၍ လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ပုလဲလမ်းဆုံမီးပွိုင့်တွင် CCTV ၂ လုံး၊ ထန်းခြောက်ပင်လမ်းဆုံတွင် CCTV ၂ လုံး၊ ဗိုလ်ချုပ်လမ်း၊ ရွှေပြည်သာမြို့မရဲစခန်းရှေ့တွင် CCTV တစ်လုံး၊ (၃) ထိပ်လမ်းဆုံတွင် CCTV ၂ လုံး တို့ကို ရွှေပြည်သာမြို့မရဲစခန်းတွင် ထိန်းချုပ်စောင့်ကြည့်ခြင်းဖြင့် လည်းကောင်း၊ မဟာဗန္ဓုလလမ်းမပေါ် အမှတ်(၁၅) ရပ်ကွက်ရုံးရှေ့တွင် CCTV နှစ်လုံး၊ လှော်ကားအောက်ဂိတ်လမ်းဆုံ၌ CCTV ၂ လုံး၊ လှော်ကား – ဝါးတရာလမ်းမဘေး လှော်ကားနယ်မြေရဲစခန်းအနီး CCTV တစ်လုံးတို့ကို လှော်ကားနယ်မြေရဲစခန်းမှ ထိန်းချုပ်စောင့်ကြည့်ခြင်းဖြင့်လည်းကောင်း တပ်ဆင်ထားရှိခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ်တွင် နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုအပေါ် မူတည်၍ အဆိုပါ CCTV များကို ဖျက်ဆီးခံရခြင်းနှင့် အမှတ်(၄) လမ်းမပေါ်ရှိ CCTV များမှာလည်း လမ်းတိုးချဲ့ ပြုပြင်ဆောင်ရွက်မှုကြောင့် ယာယီဖြုတ်သိမ်း ထားရှိခြင်းတို့ကြောင့် လက်ရှိမှာ CCTV အားလုံး ပြန်လည်တပ်ဆင်နိုင်ရေး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ညှိနှိုင်းပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဦးစီး၍ Control Center တွင် စောင့်ကြည့်ထိန်းချုပ်မည့် အထက်ပါ CCTV ကင်မရာများကို ပြန်လည်တပ်ဆင်နိုင်ရေး ဆောင်ရွက်ထားရှိကြောင်း၊ ရွှေပြည်သာမြို့မရဲစခန်းတွင် ထိန်းချုပ်စောင့်ကြည့်နိုင်မည့် CCTV များအတွက် Vanguard ကုမ္ပဏီနှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် မဟာဗန္ဓုလလမ်းမပေါ် အမှတ်(၁၅) ရပ်ကွက်ရုံးရှေ့တွင် CCTV ၂ လုံး၊ လှော်ကား အောက်ဂိတ်လမ်းဆုံတွင်CCTV နှစ်လုံး၊ လှော်ကား- ဝါးတရာလမ်းမဘေး လှော်ကားနယ်မြေရဲစခန်းအနီးတွင် CCTV တစ်လုံးတို့ကို အသစ်ပြန်လည်တပ်ဆင်ထားပြီး လှော်ကားနယ်မြေရဲစခန်းတွင် ထိန်းချုပ်စောင့်ကြည့် လျက်ရှိကြောင်း၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ အရောင်းစင်တာများ၊ စားသောက်ဆိုင်များတွင် CCTV များတပ်ဆင်ထားရှိပြီး လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား ပေါင်းစပ်ညှိနှိုင်း စစ်ဆေးကြပ်မတ် ဖော်ထုတ်ဆောင်ရွက်လျက်ရှိပါကြောင်းတို့ကို ဩဂုတ် ၁၇ ရက်နေ့က တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေးမှာ ရွှေပြည်သာမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးသိန်းနိုင်က “ရွှေပြည်သာမြို့နယ်အတွင်း လုံခြုံရေးအတွက် အဓိကကျသောနေရာများတွင် ပြည့်စုံလုံလောက်သော CCTV လုံခြုံရေးကင်မရာများကို ခေတ်မီစောင့်ကြည့်ရေးစနစ်အနေဖြင့် တပ်ဆင်ပေးရန်အစီစဉ် ရှိ/မရှိ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ရွှေပြည်သာမြို့နယ်သည် အရှေ့မှ အနောက်သို့ ၃ ဒသမ ၁၄၂ မိုင်နှင့် တောင်မှမြောက်သို့ ၈ ဒသမ ၂ မိုင် ရှည်လျားပြီး မြို့နယ်အကျယ်အဝန်းမှာ ၂၅ ဒသမ ၇၆ စတုရန်းမိုင်၊ အရှေ့ဘက်တွင် မင်္ဂလာဒုံမြို့နယ်နှင့် လှော်ကားကန်၊ အနောက်ဘက်တွင် လှိုင်မြစ်(ခ) ဝါးတရာမြစ်နှင့် ထန်းတပင်မြို့နယ်၊ တောင်ဘက်တွင် အင်းစိန်မြို့နယ်နှင့် မြောက်ဘက်တွင် မှော်ဘီမြို့နယ်တို့ဖြင့် နယ်နိမိတ်ထိစပ်တည်ရှိပြီး ရွှေပြည်သာမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့် ၁၀၀ ပေအထက်တွင် တည်ရှိကြောင်းလည်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရပါတယ်။

ရွှေပြည်သာမြို့နယ်, CCTVတပ်ဆင်, လုံခြုံရေး, စောင့်ကြည့်ကင်မရာ,

Photos – CJ/Internet

Your Ad Here
Ad Size: 336x280 px

More News