[latest_news_marquee]

ဟိုတယ်နှင့် ခရီးလှည့်လည်ရေးလုပ်ငန်းအသစ်များကြောင့် လူငယ်ဦးရေ ၅၀၀ ကျော် အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့

ဟိုတယ်နှင့် ခရီးလှည့်လည်ရေးလုပ်ငန်းအသစ်များကြောင့် လူငယ်ဦးရေ ၅၀၀ ကျော်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီမှ သိရပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ၂/၂၀၂၆ အစည်းအဝေးမှ ဟိုတယ် အဆောက်အအုံ တည်ဆောက်ခွင့် ၂ ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင် ၆ ခု၊ ပြည်ဝင်ခရီးလှည့်လည်ရေးလိုင်စင် ၅၆ ခု၊ ပြည်ပခရီး လှည့်လည်ရေးလိုင်စင် အခု ၃၀ တို့ကို အတည်ပြုပေးနိုင်ခဲ့ခြင်းကြောင့် ဟိုတယ်လုပ်ငန်းမှ လူငယ် ၁၈၈ ဦး၊ ခရီးလှည့်လည် ရေးလုပ်ငန်းမှ လူငယ် ၃၄၄ ဦး၊ စုစုပေါင်း လူငယ် ၅၃၂ ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
 


အဆိုပါ အစည်းအဝေးကို ဇူလိုင် ၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
  
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာပေါင်း အလုံး ၄၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။
 
Photos – ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန


Your Ad Here
Ad Size: 336x280 px

More News