[latest_news_marquee]

ကမ္ဘာဂြိုဟ်၏ အတွင်းပိုင်း စွမ်းအားတစ်မျိုးကြောင့် နေ့တာကာလများ ကြာမြင့်ချိန် နှစ်ပေါင်းများစွာ ပြောင်းလဲနေ


ကမ္ဘာဂြိုဟ်၏ အတွင်းပိုင်း၌ ပုန်းကွယ်နေသော စွမ်းအားတစ်မျိုးကြောင့် ကမ္ဘာ့နေ့တာကာလများ ကြာမြင့်ချိန်သည် နှစ်ပေါင်းများစွာ ပြောင်းလဲနေရကြောင်း ကနေဒါ သိပ္ပံပညာရှင်များက ပြောကြားထားပါတယ်။

လေ့လာတွေ့ရှိချက်အရ ကမ္ဘာဂြိုဟ်၏ အတွင်းဝတ်ဆံလုံးနှင့် အတွင်းကျောက်သားလွှာတို့ကြား ဒြပ်ဆွဲအား အပြန်အလှန် သက်ရောက်မှုကြောင့် ကမ္ဘာဂြိုဟ်၏ ဝင်ရိုးဗဟိုပြု လည်ပတ်နှုန်း ပြောင်းလဲသွားနိုင်ပြီး အဆိုပါ ဝင်ရိုးလည်နှုန်း ပြောင်းလဲမှုကြောင့် နေ့တာကာလများမှာ မီလီစက္ကန့်အနည်းငယ် ပိုရှည်လျားသွားနိုင်သကဲ့သို့ ပိုတိုတောင်းသွားနိုင်ကြောင်း သိရပါတယ်။

အဆိုပါအပြောင်းအလဲမှာ လူသားများအနေဖြင့် မသိသာသော်လည်း ဂြိုဟ်တုတည်နေရာနှင့် လမ်းကြောင်းပြချက်များ၊ ကမ္ဘာ့အချိန်ကိုက်စနစ်များအတွက် အရေးကြီးကြောင်း၊ သံသတ္တု၊ နီကယ်တို့ဖြင့် ဖွဲ့စည်းထားသော ကမ္ဘာ့အတွင်းဝတ်ဆံလုံး လည်ပတ်နေစဉ် ပေါ်ထွက်လာသည့် ဒြပ်ဆွဲအားသည် ကမ္ဘာ့အတွင်းကျောက်လွှာ ဒြပ်ထုပစ္စည်းများနှင့် အပြန်အလှန်တုံ့ပြန်မှုရှိနေတတ်ကြောင်း သိပ္ပံပညာရှင်များက ဆိုထားပါတယ်။

Your Ad Here
Ad Size: 336x280 px

More News