[latest_news_marquee]

အဝေးပြေးကုန်စည်ကားများ ကုန်စည်တင်ဆောင်ရာတွင် သတ်မှတ်အမြင့်ပေထက် ပိုမိုတင်ဆောင်ခြင်းမပြုရန် သတိပေး

ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များနှင့် ယာဉ်မောင်း/ယာဉ်နောက်လိုက်များ အနေဖြင့်  အဝေးပြေးယာဉ်များတွင် ကုန်စည်တင်ဆောင်ရာ၌ သတ်မှတ် အမြင့်ပေထက်ပို၍ တင်ဆောင်ခြင်းမပြုရန် မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက သတိပေးထားပါတယ်။
 
အဆိုပါသတိပေးချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မေလနှင့် ဇွန်လတို့တွင် ကားခေါင်မိုးပေါ်၌ ဓာတ်လိုက်သေဆုံးခဲ့သည့် ဖြစ်စဉ် နှစ်ခုဖြစ်ပွားခဲ့ကြောင်း၊ ၎င်းဖြစ်စဉ်များတွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့သည် လျှပ်စစ်ဓာတ်အားလိုင်းအောက်တွင် ယာဉ်ရပ်နားပြီး လုပ်ငန်းဆောင်ရွက်ကြရာ လျှပ်စစ်အသိ၊ သတိနည်းပါးပြီး သတိလက်လွတ် ဆောင်ရွက်ခဲ့ကြခြင်းကြောင့် ဓာတ်လိုက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း စိစစ်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
 
ထို့သို့ စိစစ်တွေ့ရှိချက်အရ 11 kV ဓာတ်အားလိုင်းနှင့် မြေပြင် အကွာအဝေးသည် ၁၉ ပေရှိပြီး ကုန်တင် သယ်ဆောင်လာသော ယာဉ်သည် သတ်မှတ်အမြင့်ထက် ပိုမိုတင်ဆောင်လာခြင်းနှင့် ဓာတ်အားလိုင်းအောက်တွင် လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် ဓာတ်လိုက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
 
ထို့ကြောင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များနှင့် ယာဉ်မောင်း/ ယာဉ်နောက် လိုက်များအနေဖြင့် ကုန်စည်တင်ဆောင်ရာတွင် သတ်မှတ်အမြင့်ပေထက် ပို၍ တင်ဆောင်ခြင်းမပြုဘဲ လျှပ်စစ် အသိ/လျှပ်စစ် သတိဖြင့် ဓာတ်အားလိုင်းများ အောက်တွင် လုပ်ငန်းဆောင်ရွက်ခြင်းများကို မလုပ်ဆောင်ကြရန် အသိ(သတိ)ပေးထားကြောင်း မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း မှ သိရပါတယ်။
 
မြန်မာနိုင်ငံ၏ စံချိန်စံညွှန်းများအရ သာမန်ကုန်စည်ပို့ဆောင်ရေးယာဉ် (Normal vehicle) ၏ သတ်မှတ်အမြင့်ပေမှာ ၃ ဒသမ ၆၆ မီတာ (သို့) ခန့်မှန်းခြေ ၁၂ ပေခန့် ဖြစ်ပြီး ကွန်တိန်နာတင်ယာဉ်များအတွက်မူ အမြင့်ပေ ၄ ဒသမ ၆ မီတာ (သို့) ၁၅ ပေ ခန့် အထိ သတ်မှတ်ခွင့်ပြုထားကြောင်း ကညနမှ သိရပါတယ်။
 
Photo – MOI

Your Ad Here
Ad Size: 336x280 px

More News