[latest_news_marquee]

ကလေးများကို SpaceX ရှယ်ယာတစ်ခုစီပေးသွားမယ့် အီလွန်မတ်စ်

လာမည့်နှစ်တွင် အမေရိကန်ရှိ ကလေးတိုင်းကို SpaceX ကုမ္ပဏီ၏ ရှယ်ယာတစ်ခုစီ ပေးအပ်သွားမည်ဟု SpaceX နှင့် Tesla ကုမ္ပဏီများ၏ တည်ထောင်သူ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မက်စ်က ကတိပြုပြောဆို လိုက်ပါတယ်။

အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် တန်ဖိုးရှိနိုင်သည့် ယခုကဲ့သို့ ကြီးမားသည့် လက်ဆောင်ပေးအပ်မှုနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ချီးကျူးစကားပြောဆိုထားတယ်လို့ လည်း သိရပါတယ်။

ပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ တစ်ထရီလီယံခန့် ရှိသည်ဟု ခန့်မှန်းရသည့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်သည် ယခုအစီအစဉ်ကို အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်ကြေညာထားပြီး ၎င်း၏ပိုင်ဆိုင်မှုများကို ပြန်လည်ခွဲဝေပေးမည့် ပိုမိုကျယ်ပြန့်သည့် ကြိုးပမ်းမှု အမျိုးအစားတစ်ခုဖြစ်ကြောင်း ပြောကြားထားပါတယ်။

လာမည့် နိုဝင်ဘာတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် အီလွန်မက်စ်က သမ္မတဒေါ်နယ်ထရမ့်နှင့် ရီပတ်ဘလစ်ကန်ပါတီအပေါ် နိုင်ငံရေးနှင့် ငွေကြေးပိုင်းဆိုင်ရာ ထောက်ပံ့မှု ပိုမိုတိုးမြှင့်လုပ်ဆောင်လာချိန်တွင် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

Your Ad Here
Ad Size: 336x280 px

More News