[latest_news_marquee]

၇ လတာအတွင်း ရန်ကုန်ရှိ မီးပွိုင့်လမ်းဆုံများ၌ တောင်းရမ်းစားသောက်သူနှင့် စည်းကမ်းမဲ့ဈေးရောင်းချသူ ၁,၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ဟုဆို

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ ၇ လတာအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ မီးပွိုင့်များနှင့် လမ်းဆုံလမ်းခွများတွင် တောင်းရမ်းစားသောက်သူနှင့်  စည်းကမ်းမဲ့ဈေးရောင်းချသူ ၁၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားခဲ့ပါတယ်။ 

ထိုသို့ ဆောင်ရွက်ခဲ့ရာမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိကို အခြေအနေမဲ့ တောင်းရမ်းစားသောက်သူနှင့် လက်ပွေ့ဈေးရောင်းချသူ ၁,၁၈၇ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းရမိခဲ့၍ ယင်းတို့အနက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေပုဒ်မ ၆၁ (ဃ) ဖြင့် ၇၇ ဦးကို အမှုဖွင့်တရားစွဲတင်အရေးယူခဲ့ပြီး ကိုယ်တိုင်ဝန်ခံလက်မှတ်ရေးထိုးသူ ၆၁၉ ဦး၊ သက်ဆိုင်ရာလူငယ်သင်တန်းကျောင်းများသို့ ပို့အပ်သူ ၄၆ ဦး၊ မိဘ/အုပ်ထိန်းသူများထံ ခံဝန်ဖြင့် ပြန်လည်အပ်ပေးသူ ၄၄၅ ဦး ရှိခဲ့ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးက ၂၀၂၂ ခုနှစ် မတ်လ ၁၁ ရက်စွဲပါစာအမှတ်၊ ၄/၈-၁(၁၅)/ စည်ပင် ဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ (အားလုံး) သို့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ စနစ်တကျ ဖြစ်စေရေးညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးချက်များအရ မီးပွိုင့်နှင့် လမ်းဆုံလမ်းခွများရှိ လေလွင့်ကလေးငယ်များ၊ တောင်းရမ်းသူများနှင့် စည်းကမ်းမဲ့ ဈေးရောင်းချသူများ ပပျောက်စေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့စသည့်ဌာနများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၂ ခုနှစ် မတ် ၁၄  ရက်မှ စတင်ရှင်းလင်း ဆောင်ရွက်သွားရန် ညွှန်ကြားချက်အရ အဆိုပါရက်မှစတင်၍ နေ့စဉ် ရှင်းလင်းဆောင်ရွက်လျက်ရှိတယ်လို့ ၎င်းကပြောကြားခဲ့ပါတယ်။ 

ထိုစီမံချက်စတင်သည့် ၂၀၂၂ ခုနှစ် မတ် ၁၄  ရက်မှ ရက်မှ ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁  ရက်နေ့အထိ အခြေအနေမဲ့ တောင်းရမ်းစားသောက်သူနှင့် လက်ပွေ့ဈေးရောင်းချသူ ၄,၃၇၁ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းရမိခဲ့၍ ယင်းတို့အနက်မှလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေပုဒ်မ ၆၁ (ဃ) ဖြင့် ၃၃၁ ဦးအား အမှုဖွင့်တရားစွဲတင်အရေးယူခဲ့ပြီး ကိုယ်တိုင်ခံဝန်လက်မှတ်ရေးထိုးသူ ၂,၄၉၂ ဦး၊ သက်ဆိုင်ရာလူငယ်သင်တန်းကျောင်းများသို့ ပို့အပ်သူ ၁၇၂ ဦး၊ မိဘ/အုပ်ထိန်းသူများထံ ခံဝန်ဖြင့် ပြန်လည်အပ်နှံပေးသူ ၁,၃၇၆ ဦးရှိခဲ့ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ကွပ်ကဲမှုအောက်တွင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များနှင့် ဆက်လက်ပူးပေါင်း ရှင်းလင်းထိန်းသိမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တို့ကိုလည်း  ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားခဲ့ပါတယ်။ 

တောင်းရမ်းစားသောက်, လက်ပွေ့ဈေးရောင်းချသူ,  အခြေအနေမဲ့, စည်ပင်,

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News