[latest_news_marquee]

ဂျပန်နိုင်ငံ၏ အကူအညီများ လိုအပ်နေပြီး ယခင်သဘောတူထားတဲ့ အကူအညီများ ပြန်ပေးပါရန် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဂျပန်နိုင်ငံ၏ အကူအညီများ လိုအပ်နေပြီး ယခင်သဘောတူထားတဲ့ အကူအညီများ ပြန်ပေးပါရန် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ဇွန် ၃၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်သမ္မတရုံး သတင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။

ဒေါက်တာခိုင်ခိုင်စိုးက “ဂျပန်အစိုးရကို ပြောကြားလိုတာကတော့ အကူအညီပေးခဲ့သည်များ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ အအထူးသဖြင့် မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်ရသည့်အထဲ ၂၀၂၅ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ များစွာလုပ်နေရပါတယ်။ ပျက်စီးသွားသည့် ကိစ္စအများအပြားရှိတဲ့ အတွက် အကူအညီအများကြီး လိုအပ်ပါတယ်။ အကူအညီပေးပါလို့ ဒီနေရာကနေ တောင်းဆိုလိုပါတယ်။ ဖြစ်နိုင်ရင် အကူအညီအသစ်များ မပေးသည့်တိုင် ယခင်သဘောတူညီ ခဲ့သည့် အကူအညီများကို ပြန်ပေးမယ်ဆိုရင် ပြည်သူများအတွက် အများကြီးအထောက်အပံ့ဖြစ်မှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံ မှ ODA အကူအညီများ အများကြီးရရှိခဲ့ပြီး အထူးသဖြင့် ပညာသင်ကြားရေးကဏ္ဍ၊ အခြေခံအဆောက် အအုံ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် ကဏ္ဍများတွင် အကူအညီများစွာ ရရှိခဲ့သဖြင့် အထောက်အကူလည်း အများကြီးဖြစ်ခဲ့ကြောင်းလည်း သူက ဆိုထားပါတယ်။

သို့သော် ယခုအချိန်တွင် အကူအညီများကို ရပ်ထားကြောင်း၊ ဆောင်ရွက်နေသည့်လုပ်ငန်းများ အကုန်ရပ်သွားသည့်အတွက် ပြည်သူများကို ထိခိုက်ကြောင်း၊ ရထားလမ်းစီမံကိန်း ရပ်သွားသည့်အတွက် ပြည်သူများ ဒုက္ခရောက်ရကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။

Photo- MOI

Your Ad Here
Ad Size: 336x280 px

More News