[latest_news_marquee]

Thai Expo Yangon 2026 ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပမည်

Thai Expo Yangon 2026 ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ Yangon Convention Centre (YCC) ၌ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ထိုင်းကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့၌ လေးကြိမ်တိုင်ကျင်းပခဲ့ပြီး ယခုငါးကြိမ်မြောက်ဈေးရောင်းပွဲတော်ကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၄ ရက်မှ ၆ ရက်အထိ ၃ ရက်တိုင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။

ပွဲတော်တွင် အစားအသောက်နှင့် ဖျော်ရည်များ၊ အလှကုန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ စက်ယန္တရားနှင့် ဆက်စပ်ပစ္စည်းများ၊ ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာများ၊ ကျန်းမာရေးသုံးပစ္စည်းများ၊ အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှုများ စသည်တို့ ပါဝင်ပြသရောင်းချမည်ဖြစ်ကြောင်း သိရပါတယ်။

၎င်းပွဲတော်တွင် စီးပွားရေးနယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များ၊ ဈေးကွက်ဦးဆောင်သူများ ပါဝင်ပြသကြမှာဖြစ်သလို ဈေးရောင်းပွဲတော်တွင် ပါဝင်ပြသရောင်းချလိုသူများအနေဖြင့်လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။  

အလားတူ လာမည့် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ Myanmar Trade Fair ကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ Myanmar Trade Fair ကို မြန်မာ့ထုတ်ကုန်များ ထိုင်းနိုင်ငံဈေးကွက်သို့ ဝင်ရောက်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ကာကျင်းပနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

ယင်းအစီအစဉ်အတွက် မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ Siam River နှင့် Silver Sea တို့ပူးပေါင်း၍ ကုန်စည်ပြပွဲကျင်းပနိုင်ရေးအပြင် Business Exchange နှင့် နှစ်နိုင်ငံစီးပွားရေးချိတ်ဆက်မှုများကိုပါ ဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊  ပြပွဲမှတစ်ဆင့် စားသောက်ကုန်များ၊ မြန်မာ့ရိုးရာအဝတ်အထည်များ၊ ကျောက်မျက်ရတနာများ၊ လက်မှုပစ္စည်းများအပါအဝင် မြန်မာ့ထုတ်ကုန်အမျိုးမျိုးကို ထိုင်းနိုင်ငံဈေးကွက်နှင့် ချိတ်ဆက်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။

Photo – Thail Expo Myanmar

Your Ad Here
Ad Size: 336x280 px

More News