နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit)သွားရောက်ရန် ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် နေပြည်တော် တပ်မတော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် လာအိုသံရုံးမှ တာဝန်ရှိသူများက နေပြည်တော် တပ်မတော်လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ခဲ့ကြတယ်လို့ သိရပါတယ်။
လာအိုနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် လာအိုနိုင်ငံသမ္မတနှင့် နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ပြီး လာအိုနိုင်ငံဝန်ကြီးချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးသွားမှာဖြစ်တဲ့အပြင် ပြည်နယ်အကြီးအကဲအား လက်ခံတွေ့ဆုံခြင်း၊ လာအိုနိုင်ငံရှိ အထင်ကရနေရာများနှင့် ရှေးဟောင်းဘုရားစေတီများကို လေ့လာဖူးမြော်ခြင်းများလည်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
Photos- PPIB






