[latest_news_marquee]

ကယားနှင့် ရှမ်းပြည်နယ်တို့မှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်ကွန်ရက်သို့ ပိုမိုပို့လွှတ်နိုင်ဖို့ နည်းပညာဖြင့် ဆောင်ရွက်နေ

ကယားနှင့် ရှမ်းပြည်နယ်တို့မှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်ကွန်ရက်သို့ ပိုမိုပို့လွှတ်နိုင်ဖို့ နည်းပညာဖြင့် ဆောင်ရွက်နေတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှုများကို နိုင်ငံတော်ဓာတ်အားစနစ် ကွန်ရက်သို့ ပိုမိုသယ်ဆောင်နိုင်ရန်၊ ဓာတ်အားစနစ် တည်ငြိမ်စေရန်နှင့် ဗို့အား တိုးတက်ကောင်းမွန်စေရန်တို့အတွက် ၁၃၂ ကေဗွီ တီကျစ် – ကလော ဓာတ်အားလိုင်း၏ လက်ရှိ အလူမီနီယံ သတ္တုလျှပ်ကူးကြိုး ACSR ကို ဝန်အား နှစ်ဆကျော်အထိ တိုးမြှင့်သယ်ဆောင်နိုင်သည့် နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံ ဓာတ်အားလိုင်းကြိုး ACCC ဖြင့် အစားထိုးလဲလှယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက် သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ လုပ်ငန်းဆောင်ရွက်မှုကို ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့ မနက် ၆ နာရီမှ ဩဂုတ်လ ၁၆ ရက် ညနေ ၆ နာရီအထိ ဓာတ်အားပိတ်ကာ ဆောင်ရွက်သွားမှာဖြစ်ပြီး ဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်နေစဉ် လိုအပ်ပါက ဝန်အားထိန်းညှိ ဆောင်ရွက်ကြရမည်ဖြစ်ရာ သက်ဆိုင်ရာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှတဆင့် ပြည်သူသို့ အသိပေးထားပြီးဖြစ်ကြောင်းနှင့် ဓာတ်အားလိုင်း ကြိုးလဲလှယ်ပြီးပါက ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်ကွန်ရက်သို့ ပိုမိုပို့လွှတ်နိုင်မယ်လို့ သိရပါတယ်။

Photos- MOI

Your Ad Here
Ad Size: 336x280 px

More News