လျှပ်စစ်မီတာအသစ်များကို Website မှ လျှောက်ထားရာတွင် ပေးသွင်းရမည့် နှုန်းထားများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးကြေညာလိုက်ပါတယ်။
ထိုသို့ လျှောက်ထားရာတွင် ဌာနမှ သတ်မှတ်ချက်နှင့် ကိုက်ညီသော လျှောက်ထားမှုများအတွက် သတ်မှတ်ကြေးငွေပေးသွင်းရာတွင် ကြီးကြပ်ခ၊ မီးသွယ်ခ၊ မီးဆက်ခအပါအဝင် ပေးသွင်းရမည့်နှုန်းထားများဟာ ယခင်အတိုင်း ပြောင်းလဲခြင်းမရှိဘူးလို့လည်း သိရပါတယ်။
နှုန်းထားများအနေဖြင့် အိမ်သုံးမီတာ (၂၅၀,၀၀၀) ကျပ်၊ အိမ်သုံးပါဝါမီတာ (10 kW) အတွက် ( ၁,၀၀၀,၀၀၀) ကျပ်၊ အိမ်သုံးပါဝါမီတာ (20 kW) ကို (၁,၂၃၀,၀၀၀) ကျပ်၊ အိမ်သုံးပါဝါမီတာ (30 kW) (၁,၄၆၀,၀၀၀) ကျပ်၊ စက်မှုသုံးပါဝါမီတာ (10 kW) ကို (၁,၀၇၇,၅၀၀)ကျပ်၊ စက်မှုသုံးပါဝါမီတာ (20 kW) ကို (၁,၃၈၂,၅၀၀)ကျပ် နှင့် စက်မှုသုံးပါဝါမီတာ (30 kW) ကို (၁,၆၈၇,၅၀၀)ကျပ် တို့ ဖြစ်တယ်လို့ ထုတ်ပြန်ထားမှုအရ သိရပါတယ်။
အဆိုပါ နှုန်းထားများအကြောင်းအသေးစိတ်သိရှိလိုပါက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (ရုံးချုပ်)၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC)၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရုံးများသို့ ဆက်သွယ်စုံစမ်းနိုင်တယ်လို့လည်း ဝန်ကြီးဌာနမှ သိရပါတယ်။ လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအနေဖြင့် အိမ်သုံးအပြင် စီးပွားရေး/စက်မှုလုပ်ငန်းများအတွက်ပါ လိုအပ်သည့် လျှပ်စစ်မီတာအသစ်များကို နိုင်ငံတော်အစိုးရထံမှ ငှားရမ်းအသုံးပြုရာတွင် လျင်မြန်စွာရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့်စရိတ်စကများ သက်သာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ Website မှတစ်ဆင့် ရုံးချုပ်သို့ လျှောက်ထားနိုင်မယ်လို့ ကြေညာထားပြီး ဖြစ်ပါတယ်။
Photo- Internet






