[latest_news_marquee]

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိလာသည့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား ဇူလိုင် ၂ ရက်နေ့ ညနေပိုင်းက နိုင်ငံတော်သမ္မတက သမ္မတအိမ်တော်ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် ဦးစွာ နိုင်ငံတော်သမ္မတက ယခုကဲ့သို့ မြန်မာနိုင်ငံသို့ တကူးတကဝင်ရောက်၍ အလုပ်သဘော ချစ်ကြည်ရေးခရီးစဉ် ဝင်ရောက်ခဲ့မှုသည် မိမိအပေါ်ခင်မင်ရင်းနှီးမှုကို ဖော်ပြခြင်းဖြစ်သဖြင့် မိမိအနေဖြင့် တန်ဖိုးထားကြောင်း၊ မိမိတို့ နှစ်နိုင်ငံ ခေါင်းဆောင်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် နှစ်နိုင်ငံကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွားလိုကြောင်း ခရီးဦးကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

ထို့နောက် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတက လက်ရှိနှစ်နိုင်ငံအကြား ဆက်ဆံရေးကို မိမိတို့နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးပူးပေါင်း၍ ယခုထက်ပိုမိုမြှင့်တင်နိုင်ရေး နောက်ထပ်ခြေလှမ်းသစ်ကို စတင်ရမည့်အချိန် အခါဖြစ်ပြီး မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာဖြင့် ကျင်းပပြုလုပ် နိုင်ခဲ့ကာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်အောင် ဆက်လက် မြှင့်တင်ဆောင်ရွက်သွားမယ်လို့လည်း ပြန်လည်ဆွေးနွေးပြောကြားခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံမှု၌ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်သွား နိုင်မည့်အခြေအနေများ၊ (၂၀၂၆-၂၀၂၈) ခုနှစ်ကာလအတွက် ပူးတွဲဆောင်ရွက်မည့် လုပ်ငန်းစီမံချက် (Joint Action Plan) ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများ၊ နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍ၊ လူသားချင်းစာနာထောက်ထားမှုကဏ္ဍနှင့် အခြားနယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ကဏ္ဍပေါင်းစုံ၌ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ထို့နောက် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်လေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရပါတယ်။

Photos- MOI

Your Ad Here
Ad Size: 336x280 px

More News