[latest_news_marquee]

ဦးပိန်တံတားနှင့် ပြင်ဦးလွင်ရှိ နှစ်ပေါင်း ၁၀၀ အထက်ရှိ ရှေးဟောင်းအဆောက်အအုံများကို ကမ္ဗည်းမော်ကွန်းကြေးပြား တပ်ဆင်

ဦးပိန်တံတား အပါအဝင် ပြင်ဦးလွင်မြို့ရှိတို့ နှစ်ပေါင်း ၁၀၀ အထက် ရှေးဟောင်းအဆောက်အအုံများကို ရှေးဟောင်းမြို့ပြအမွေအနှစ်အမှတ်အသား ကမ္ဗည်းမော်ကွန်းကြေးပြားများ တပ်ဆင်ခဲ့ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရပါတယ်။

ထိုသို့ ရှေးဟောင်းမြို့ပြအမွေအနှစ်အမှတ်အသား ကမ္ဗည်းမော်ကွန်းကြေးပြားများ တပ်ဆင်ခြင်းအခမ်းအနားကို ဩဂုတ် ၂၀ ရက်နေ့ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင့်မြင့်မှ အမရပူရမြို့ တောင်သမန်အင်းရှိ နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိသည့် ဦးပိန်တံတားတွင် ရှေးဟောင်းအမွေအနှစ်အမှတ်အသား ကမ္ဗည်းမော်ကွန်းကြေးပြား တပ်ဆင်ခဲ့ကြောင်း သိရပါတယ်။

အလားတူ ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိသည့် သဇင်မြိုင်၊ ချယ်ရီမြိုင်၊ မြိုင်ကြီး စသည့်ရှေးဟောင်း အဆောက်အအုံများတွင်လည်း ရှေးဟောင်းမြို့ပြအမွေအနှစ်အမှတ်အသား ကမ္ဗည်းမော်ကွန်းကြေးပြားများ တပ်ဆင်ပေးခဲ့ကြောင်း သိရပါတယ်။

ဦးပိန်တံတားသည်လည်း အေဒီ ၁၈၅၁ ခုနှစ်တွင် အင်းဝနန်းတော်နှင့် စစ်ကိုင်းနန်းတော်တို့မှ နန်းတော်တိုင်များ၊ သစ်များဖြင့် တောင်သမန်အင်းကို ဖြတ်၍ အမရပူရမြို့နှင့် တောင်သမန်ရွာကို ဆက်သွယ်တည်ဆောက်ထားတာဖြစ်ပြီး၊ အမရပူရမြို့ဝန် ဘိုင်ဆပ်၏ တပည့် မြို့စာရေးမောင်ပိန်က တည်ဆောက်ခဲ့ပြီး စတင်တည်ဆောက်ခဲ့စဉ်က တိုင်ပေါင်း ၁၀၈၆ တိုင်၊ အရှည် ၃၉၈၇ ပေရှိပြီး နားနေရန်ဇရပ် ၇ ဆောင်တို့ဖြင့် တည်ဆောက်ခဲ့ရာ ယခုတွင်သက်တမ်း ၁၇၅ နှစ်ရှိပြီဖြစ်ကြောင်း သိရပါတယ်။

ဦးပိန်တံတားဟာ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက်လေ့လာအပန်းဖြေသည့် ထင်ရှားသောနေရာဖြစ်ပြီး ယခုကဲ့သို့ အထိမ်းအမှတ်ကမ္ဗည်းကြေးပြား တပ်ဆင်ခြင်းဖြင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထိန်းသိမ်းစောင့်ရှောက်သကဲ့သို့ ခရီးသွားမြှင့်တင်ရေးအတွက်လည်း တစ်ဖက်က အထောက်အကူပြုလျက်ရှိကြောင်း သိရပါတယ်။ 

ဦးပိန်တံတား, ပြင်ဦးလွင်, ရှေးဟောင်းမြို့ပြအမွေအနှစ်အမှတ်အသား, ကမ္ဗည်းမော်ကွန်းကြေးပြား,

Photo – CJ

Your Ad Here
Ad Size: 336x280 px

More News