[latest_news_marquee]

နေပြည်တော်-ရန်ကုန်အမြန်လမ်းတွင် ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်၊ ထိခိုက်သူ ၄ ဦးရှိပြီး မစိုးရိမ်ရဟုဆို

ယနေ့ ဩဂုတ် ၁၅ ရက်နေ့၊ မနက် ၄ နာရီ ၅၀ အချိန်ခန့်က နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၊ ရန်ကုန်ဘက်ခြမ်း၊ မိုင်တိုင်အမှတ်(၅၈/၁-၂)ကြားတွင် ခရီးသည်ယာဉ်တစ်စီး
သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတံတားအား တိုက်မိပြီး တိမ်းမှောက်ရပ်တန့်မှုဖြစ်ပွါးခဲ့တယ်လို အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲမှ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်ကို ဘောနီအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့တယ်လို မီးသတ်တပ်ဖွဲမှ သိရပါတယ်။

ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၆)ဦး၊ မ(၉)ဦး၊ စုစုပေါင်း (၁၅)ဦးအနက် ကျား(၂)ဦး၊ မ(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တိုအား 192 သူနာတင်ယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသိုပိုဆောင်ပေးခဲ့တယ်လိုလည်း သိရပါတယ်။

အမြန်လမ်း၌ဖြစ်ပွားသော ယာဉ်မတော်တဆမှုများအားလုံး၏ အများစုဟာ ယာဉ်မောင်းအိပ်ငိုက်ခြင်းကြောင့်ဖြစ်ပြီး ယာဉ်မောင်းများအနေဖြင့် ၂ နာရီဆက်တိုက်မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နားစခန်းများတွင် ခေတ္တနားနေကြပါရန်နှင့် ခရီးသည်အားလုံး ထိုင်ခုံခါးပတ် (Seat Belt) မဖြစ်မနေသေချာစွာပတ်ထားရန်၊ ထိုင်ခုံခါးပတ် ပတ်မထားသည့်ခရီးသည်များကိုယာဥ်ပေါ်ပါ ဝန်ထမ်းမှသတိပေးစောင့်ကြည့်၍ ပတ်စေရန် ၊ ယာဉ်အမျိုးအစားအလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း မပြုကြရန်
လည်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲမှ အထူးသတိပေးထားပါတယ်။

Photos- အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ

Your Ad Here
Ad Size: 336x280 px

More News