[latest_news_marquee]

ကမ်းရိုးတမ်းသွား ကုန်တင်ရေယာဉ်တစ်စင်း ဝယ်ယူရန် တင်ဒါခေါ်ယူ

ကမ်းရိုးတမ်းသွား ကုန်တင်ရေယာဉ်တစ်စင်း ဝယ်ယူရန်အတွက် အိတ်ဖွင့်တင်ဒါအပြိုင် ဈေးနှုန်းလွှာခေါ်ယူထားကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေးကြောင်းပို့ဆောင်ရေးမှ သိရပါတယ်။

အဆိုပါခေါ်ယူချက်အရ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ရေယာဉ် ၁ စင်းကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူရန်အတွက် အပြိုင်ဈေးနှုန်းလွှာများ တင်သွင်းရန် ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။

ထို ဝယ်ယူမည့် ရေယာဉ်အမျိုးအစားမှာ ကမ်းရိုးတန်းသွားကုန်တင်ရေယာဉ်(Coastal Cargo Vessel)အမျိုးအစားဖြစ်ပြီး တင်ဒါပုံစံများကို ဩဂုတ်လ ၂၅ ရက်နေ့မှ အောက်တိုဘာလ ၃၀ ရက်နေ့အထိ ရုံးဖွင့်ရက်များအတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

တင်သွင်းလာသည့် တင်ဒါပုံစံများကို နိုဝင်ဘာ ၃ ရက်နေ့ နံနက် ၁၀ နာရီတွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး၊ အသေးစိတ်သိရှိလိုပါက ဖုန်းဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဆိုးတန်းလမ်း ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ စီမံရေးရာဌာန၊ ထောက်ပံ့ရေးဌာနခွဲသို့လည်းကောင်း  ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ သိရပါတယ်။

ဈေးပြိုင်တင်ဒါ, အိတ်ဖွင့်တင်ဒါ, ကမ်းရိုးတမ်းသွားကုန်တင်ရေယာဉ်, Tender,

Photos – MWD/ပြည်တွင်းရေကြောင်းပို့ဆောင်ရေး

Your Ad Here
Ad Size: 336x280 px

More News