[latest_news_marquee]

အူမကြီးကင်ဆာက အသည်းဆီသို့ ပျံ့နှံ့စေတဲ့ လျှို့ဝှက်ချက်ကို တွေ့ရှိ

အူမကြီးကင်ဆာကင်ဆာကလာပ်စည်းများ  အသည်းဆီသို့ ဘာကြောင့် ပျံ့နှံ့သွားနိုင်သလဲဆိုတဲ့အဖြေကို Weill Cornell Medicine နဲ့ MIT မှ သုတေသီတွေက ရှာဖွေတွေ့ရှိသွားပြီလို့ နိုင်ငံတကာ ကျန်းမာရေး သတင်းတွေအရ သိရပါတယ်။

အူမကြီးကင်ဆာခံစားနေရတဲ့ ဝေဒနာရှင်တွေအတွက် အကြီးဆုံး ခြိမ်းခြောက်မှုကတော့ မူလအကျိတ်ထက် ကင်ဆာ ကလာပ်စည်းတွေ အသည်းဆီ ပျံ့နှံ့သွားတာဖြစ်ပြီး တစ်ခါပျံ့နှံ့သွားပါက ကုသဖို့ခက်ခဲသွားကာ အသက်ရှင်သန်နိုင်စွမ်းလည်း သိသာစွာ ကျဆင်းသွားတတ်တယ်လို့လည်း သုတေသီတွေက ဆိုထားပါတယ်။

သုတေသီတွေရဲ့ဖော်ပြချက်အရ ကင်ဆာကလာပ်စည်းတွေထဲမှာ GATA6 လို့ခေါ်တဲ့ မျိုးဗီဇထိန်းချုပ် ပရိုတိန်းတစ်မျိုး လျော့နည်းသွားတဲ့အခါ ကလာပ်စည်းတွေက မူလ အူမကြီးကလာပ်စည်း သဘာဝကို မေ့လျော့ပြီး ပုံစံပြောင်းလွယ်တဲ့သန္ဓေသားအဆင့် ကလာပ်စည်းတွေလို ဖြစ်သွားတတ်တာ ဖြစ်တယ်လို့ သုတေသီများက ဆိုထားပါတယ်။

အဆိုပါ အခြေအနေဟာ ကင်ဆာကလာပ်စည်းကို သွေးကြောကနေတစ်ဆင့် အသည်းဆီပျံ့နှံ့ဖို့ အားပေးလိုက်သလိုဖြစ်စေပြီး GATA6 ပရိုတိန်းဆုံးရှုံးသွားတာဟာ ကင်ဆာကလာပ်စည်းတွေကို မပျံ့နှံ့နိုင်တဲ့အဆင့်ကနေ ပျံ့နှံ့လွယ်တဲ့ကလာပ်စည်းတွေအဖြစ် ပြောင်းလဲလိုက်တဲ့ အရေးကြီးခလုတ်တစ်ခု ဖြစ်တယ်လို့ ပညာရှင်တွေက မှတ်ယူထားပါတယ်။ 

Photos- Internet,

Your Ad Here
Ad Size: 336x280 px

More News