[latest_news_marquee]

ဥရောပဘောလုံးအဖွဲ့ချုပ်က လာမည့်ဘောလုံးရာသီမှစတင်ပြီး Clear Line စနစ်ကို စတင်အသုံးပြုမယ်လို့ဆို

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ-UEFA)က လာမည့်ဘောလုံးရာသီမှစတင်ပြီး လက်ရှိကျင့်သုံးနေသည့် ဗီဒီယိုအကူဒိုင်စနစ်(Video Assistant Referee-VAR) အပြင် Clear Line စနစ်ကိုပါ စတင် အသုံးပြုမယ်လို့ သိရပါတယ်။

လက်ရှိ ဘောလုံးပွဲများတွင် အသုံးပြုနေတဲ့ ဗီဒီယိုအကူဒိုင်စနစ်(VAR) သည် အငြင်းပွားမှုများရှိနေဆဲ ဖြစ်သည့်အပြင် ပွဲကစားချိန်များလည်း လစ်ဟင်းမှုများ ရှိနေသည့်အတွက် ဥရောပဘောလုံးအဖွဲ့ချုပ် က ဗီဒီယိုအကူဒိုင်စနစ် (VAR) ကဲ့သို့  Clear Line စနစ်ကို စတင်ကျင့်သုံးရန် စီစဉ်နေခြင်းဖြစ်ပြီး အဆိုပါ  စနစ်ဟာ ဒိုင်လူကြီးများဆုံးဖြတ်ချက်ချမှတ်ရန် အချက် ၁၅၀ ကျော်အထိ ဗီဒီယိုဖိုင်ဖြင့် အသေးစိတ်ပြသပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ယင်း Clear  Line  စနစ်ဟာ ပွဲကစားချိန်အတွင်း ဒိုင်လူကြီးများအနေဖြင့် ဆုံးဖြတ်ရခက်သည့်အချိန်တွင် ဗီဒီယိုအကူဒိုင်စနစ်(VAR)  ဖြင့်မဆုံးဖြတ်မီ Clear Line စနစ်ဖြင့် အငြင်းပွားမှုများကို  ပြန်လည်ကြည့်ရှု စစ်ဆေးသွားမည်ဖြစ်ပြီး  အဆိုပါ  Clear Line စနစ်ဖြင့် ဆုံးဖြတ်ရန်ခက်ခဲသည့် အချိန်မှသာလျှင်  ဗီဒီယို အကူဒိုင်စနစ် (VAR)  ဖြင့် ပြန်လည်ကြည့်ရှုဆုံးဖြတ်မယ်လို့လည်း သိရပါတယ်။

လက်ရှိ  ကမ္ဘာ့ဘောလုံးလောကရှိ ပြိုင်ပွဲအများစုတွင် ပြီးခဲ့သည့်နှစ်အနည်းငယ်ကစတင်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ-FIFA)မှ ကြီးမှူးကျင်းပနေသည့် ပြိုင်ပွဲများတွင် ကွင်းလယ်ဒိုင်လူကြီးများ ဆုံးဖြတ်ချက်အတွက် အထောက်အကူပြုစေရန် ဗီဒီယိုအကူဒိုင်စနစ် (VAR) ကို  ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိသော်လည်း အဆိုပါစနစ်နှင့်ပတ်သက်ပြီး ထိပ်တန်းအဆင့်ရှိ လိဂ်ပြိုင်ပွဲကြီးများတွင် အငြင်းပွားမှုများ ရှိနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

Photo- MWD

Your Ad Here
Ad Size: 336x280 px

More News