တရုတ်ရိုးရာလမုန့်ပွဲတော်ဟာ လာမယ့် စက်တင်ဘာ ၂၅ ရက်မှာ ကျရောက်မှာဖြစ်ပြီး ပွဲတော်အကြိုအနေနဲ့ Mid Autumn Festival 2026 Exclusive Mooncake Delight Event တရုတ်ရိုးရာလမုန့်များ မြည်းစမ်းခြင်းနှင့် လမုန့်အထူးဈေးရောင်းပွဲကို ရန်ကုန်မြို့ရှိ Meliá Yangon Hotelမှာ ဩဂုတ်လ ၂၁ ရက်နေ့ ညပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Meliá Yangon Hotel မှ General Manager Mr. Pablo Aloy Gomez က “ဝိုင်းဝန်းတဲ့ပုံသဏ္ဌာန်ရှိတဲ့ လမုန့်ဟာ ပြီးပြည့်စုံခြင်းနဲ့ အတူတကွရှိခြင်းကို ဖော်ဆောင်ပါတယ်။ ဒါကြောင့် လမုန့်ကို ဝေမျှစားသုံးခြင်းဟာ အရသာရှိတဲ့ ရိုးရာမုန့်တစ်ခုကို မြည်းစမ်းရုံတင်မကပါဘူး။ အချင်းချင်းကြားက သံယောဇဉ်၊ ကျေးဇူးတရားနဲ့ အကောင်းဆုံး ဆုမွန်ကောင်းတွေကို အပြန်အလှန် ဝေမျှပေးတာ ဖြစ်ပါတယ်” လို့ အခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
အဆိုပါပွဲတွင် Meliá Yangon Hotel မှ ဝါရင့်စားဖိုမှူးကြီး အထူးပြုလုပ်ထားတဲ့ တရုတ်ရိုးရာလမုန့်များကို တက်ရောက်လာသူများက အရသာမြည်းစမ်းခဲ့ကြပြီး တရုတ်ရိုးရာခြင်္သေ့အကနှင့် တေးသီချင်းများဖြင့်လည်း ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။
ယင်းလမုန့်များတွင် မူရင်းကွမ်ကျိုးဒေသထွက်ကုန်များကိုသာ အသုံးပြုထားပြီး မြန်မာပြည်မှ စိုက်ပျိုးထွက်ရှိသော လက်ဖက်စိမ်း၊ ဆွမ်းမွှေးစသဖြင့် သီးပင်ထွက်ကုန်များကိုပေါင်းစပ်ထားကာ ထူးကဲသောအရသာရှိအောင် ပြင်ဆင်ထုတ်လုပ်ထားကြောင်းနှင့် လမုန့်များမှာ ဆွမ်းမွှေးလမုန့်၊ ပဲနီလမုန့်၊ လက်ဖက်စိမ်းလမုန့်(Green Tea)၊ ကြာစေ့လမုန့် (White Lotus)နှင့် ဒူးရင်းသီးလမုန့် တို့ပါဝင်ပြီး ဘဲဥအရသာကြိုက်နှစ်သက်သူများအတွက်လည်း ဘဲဥအငန်အရသာထည့်သွင်း ထုတ်လုပ်ပေးထားတယ်လို့သိရပါတယ်။

လက်ဆောင်ပေးချင်သူများအတွက်လည်း ထုပ်ပိုးမှုအပိုင်းမှာ အရသာတစ်မျိုးတည်း ထုပ်ပိုးခြင်းအပြင် ရွေးချယ်စရာ အရသာ ၄ မျိုးပါရှိတဲ့ ရောစပ်ထုပ်ပိုးခြင်းတို့ကို ရရှိနိုင်မှာဖြစ်ပြီး စက်တင်ဘာ ၁ ရက်မှ ၂၅ ရက်နေ့အထိ တစ်ဘူးလျှင်၄ ခုပါတဲ့လမုန့် ၁၀ ဘူးဝယ်ယူပါက တစ်ဘူး အခမဲ့ရရှိနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပမာဏအများဝယ်ယူလိုသူများအတွက် စက်တင်ဘာ ၂၅ ရက်အထိကို ဘူး ၅၀ မှ ၁၀၀ အထိ မှာယူပါက ဝယ်ယူမှုရဲ့ ၁၅ ရာခိုင်နှုန်းနှင့် ဘူး ၁၀၀ မှ၂၀၀ အတွင်းဝယ်ယူပါက ဝယ်ယူမှုရဲ့ ၂၀ ရာခိုင်နှုန်း ဈေးလျှော့ကာ ရောင်းချပေးနေတယ်လို့သိရပါတယ်။
တရုတ်ရိုးရာယဉ်ကျေးမှုအရ လမုန့်ပွဲတော်ဆင်နွှဲခြင်းဟာ မိသားစုလက်ဆုံစားပွဲ (သို့မဟုတ်) မိသားစုဝင်များ စည်းလုံးညီညွတ်မှုကိုပြသခြင်းဖြစ်ပြီး ရိုးရာလမုန့်ပွဲတော်ကိုဆင်နွှဲကြတဲ့အခါ လမုန့်များဟာ ရိုးရာကန်တော့ပွဲပစ္စည်းများတွင် မပါမဖြစ်ပါဝင်နေပြီး မိသားစုဝင်များနဲ့အတူ ဝိုင်းဖွဲ့သုံးဆောင်ရန် အရသာရှိတဲ့လမုန့်များကို ဝယ်ယူကြတဲ့အပြင် ခန့်ညားတဲ့အပြင်အဆင်နဲ့ အရသာရှိတဲ့လမုန့်တွေကို ခင်မင်ရင်းနှီးသော ဆွေမျိုးများ၊ မိတ်ဆွေများနှင့် ကျေးဇူးတင်ထိုက်သူများကို လက်ဆောင်ပေးလေ့ရှိတယ်လို့လည်း သိရပါတယ်။
တရုတ်ရိုးရာလမုန့်ပွဲတော်, MidAutumnFestival2026, MeliáYangonHotel, ExclusiveMooncakeDelightEvent, လမုန့်မြည်းစမ်းခြင်း, အထူးဈေးရောင်းပွဲတော်,
Photos – MFN






