[latest_news_marquee]

အဝလွန်မိခင်လောင်းများက မွေးဖွားလာသော ကလေးများ၌ အူမကြီးကင်ဆာဖြစ်နိုင်ခြေမြင့်မား

အဝလွန် မိခင်လောင်းများက မွေးဖွားလာသောကလေးများ၌ အူမကြီးကင်ဆာရောဂါ ဖြစ်နိုင်ခြေ မြင့်မားကြောင်း ဗြိတိန်သုတေသနပညာရှင်များက ပြောကြားထားပါတယ်။

ပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ မိခင်လောင်းဘဝ ကိုယ်အလေးချိန် တက်လာမှုနှင့် အဝလွန်မှုတို့မှာ မွေးဖွားလာသည့် ကလေးများ၌ အူမကြီးကင်ဆာဖြစ်နိုင်ခြေ မြင့်တက်လာမှုနှင့် ဆက်စပ်နေတယ်လို့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဘုရင့်ကောလိပ်မှ သုတေသနပညာရှင်များက ပြောကြားပါတယ်။

အထက်ပါ ပြဿနာဟာ မိခင်လောင်းများ၏ ဘဝနေထိုင်မှုပုံစံ၊ အစားအစာ စားသောက်မှုပုံစံ၊ ကျန်းမာရေး အခြေအနေတို့နှင့် ဆက်စပ်နေကြောင်း သုတေသနပညာရှင်များက ပြောကြားခဲ့ပြီး ဗြိတိန်နိုင်ငံ၌ လူငယ်များအကြား အူမကြီးကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်တက်လာချိန်တွင် ယခုလေ့လာတွေ့ရှိချက် ပေါ်ထွက်လာခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

ဗြိတိန် သုတေသနပညာရှင်များ၏ တွေ့ရှိချက်အရ အဝလွန် မိခင်လောင်းများက မွေးဖွားလာသည့် ကလေးများမှာ နောက်ပိုင်း အသက်ရလာချိန်၌ အူမကြီးကင်ဆာဖြစ်နိုင်ခြေ ပုံမှန်ထက် ၅ ဆ မြင့်တက်နေတတ်ကြောင်းလည်း သိရပါတယ်။

Photo-internet

Your Ad Here
Ad Size: 336x280 px

More News