လက်ရှိ နိုင်ငံတော်သမ္မတ၏ ပြည်တွင်း/ပြည်ပ ခရီးစဉ်များတွင် လိုက်ပါကာ မီဒီယာများအား ဖြေကြားခြင်း နှင် မီဒီယာရှင်းလင်းပွဲများအား ဦးဆောင်ပြုလုပ်နေသူ နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးအား နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက မနေ့က ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ်(၆၃ /၂၀၂၆)ဖြင့် ဩဂုတ် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄ ၊ ပုဒ်မခွဲ (က)၊ (ဃ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉)တို့ပါ ပြဋ္ဌာန်းချက်များအရ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေသော ဒေါက်တာ ခိုင်ခိုင်စိုးအား နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်လိုက်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ထို့အပြင် လစ်လပ်သွားခဲ့သော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ဦးရဲထွန်းဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)၊ (ဃ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉)တို့ပါ ပြဋ္ဌာန်းချက်များအရခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် (၆၄/၂၀၂၆) ဖြင့် ထုတ်ပြန်ထားပါတယ်။
Photos- MOI






