[latest_news_marquee]

ဘယ်လာရုစ်သမ္မတရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံခရီးစဉ်အပြီးတွင် ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ဆက်သွားမယ်

ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အပြီးတွင် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ဆက်လက်သွားရောက်မယ်လို့ သိရပါတယ်။

အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတဟာ ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဘယ်လာရုစ်နိုင်ငံဝန်ကြီးချုပ်၊ ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ဘယ်လာရုစ်အစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးသွားမယ်လို့လည်း သိရပါတယ်။

နိုင်ငံတော်သမ္မတအနေဖြင့် မြန်မာ – ဘယ်လာရုစ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးကိစ္စရပ်များကို ဆွေးနွေးသွားမှာဖြစ်ပြီး ခရီးစဉ်အတွင်း မင့်စ်မြို့၌ မြန်မာသံရုံး ဖွင့်လှစ်ခြင်းအခမ်းအနားနှင့် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်တို့သို့လည်း တက်ရောက်သွားမှာဖြစ်ကာ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားမယ်လို့လည်း သိရပါတယ်။

(Photo- MOI) နှစ်နိုင်ငံ သမ္မတ နှစ်ဦး ယခင်တွေ့ဆုံမှုမှတ်တမ်း 

Your Ad Here
Ad Size: 336x280 px

More News