ပြည်ထောင်စုဝန်ကြီးဌာနတစ်ခုဖြစ်တဲ့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအား အမည်ပြောင်းလဲသတ်မှတ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဩဂုတ် ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၂ ပုဒ်မခွဲ (က)၊ ပုဒ်မ ၂၁၂၊ ပုဒ်မခွဲ (က)နှင့် (ခ)တို့အရ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအား ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲ သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်နေ့က နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ထားချက်အရ အဆိုပါ ဝန်ကြီးဌာနကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ဦးဆောင်နေပြီး ဒုတိယဝန်ကြီး ၂ ဦးကို ခန့်အပ်တာဝန်ပေး ဆောင်ရွက်နေပါတယ်။
Photo- MDN






