[latest_news_marquee]

ရန်ကုန်တွင် တစ်နှစ်ခွဲကျော်အတွင်း အွန်လိုင်းလောင်းကစားမှုဖြင့် လူပေါင်း (၁၃၀၀) ကျော်ကို ဖမ်းဆီးအရေးယူခဲ့

ရန်ကုန်တွင် အွန်လိုင်းလောင်းကစားမှုဖြင့် ၂၀၂၅ ခုနှစ် နှင့် ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ လူပေါင်း (၁,၃၆၆) ဦးကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ပြောကြားထားပါတယ်။

အွန်လိုင်းလောင်းကစားများကို ထိရောက်စွာ တိုက်ဖျက်နိုင်ရေး လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ နဲ့ ပတ်သက်လို့ ဩဂုတ် ၂၅ ရက် ရက်က ကျင်းပတဲ့ တတိယ အကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး၌ ကျောက်တံတားမြို့နယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်ရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ထည့်သွင်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၅ ခုနှစ်အတွင်း အွန်လိုင်းလောင်းကစားမှု ၉ မှု၊ ကျား ၂၁ ဦး၊ မ ၆ ဦး၊ စုစုပေါင်း ၂၈ ဦး၊ လောင်းကစားမှု ၆၀၅ မှု၊ ကျား ၄၇၀ ဦး၊ မ ၃၉၅ ဦး၊ စုစုပေါင်း ၈၆၅ ဦးနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ အွန်လိုင်းလောင်းကစားမှု ၁၁ မှု၊ ကျား ၂၂ ဦး၊ မ ၇ ဦး၊ စုစုပေါင်း ၂၉ ဦး၊ လောင်းကစားမှု ၃၅၈ မှု၊ ကျား ၂၆၈ ဦး၊ မ ၂၃၃ ဦး၊ စုစုပေါင်း ၅၀၁ ဦးတို့အား ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့တယ်လို့ ဝန်ကြီးက လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။

ထို့ပြင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ တိုင်းဒေသကြီး အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကော်မတီကို ဖွဲ့စည်းကာ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအလိုက် အွန်လိုင်းလောင်းကစားမှုများ မရှိစေရေး၊ ရပ်ကွက်/ကျေးရွာများအလိုက် အခြေခံ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ နေ့စဉ်သတင်းရယူ ဆောင်ရွက်ခြင်း၊ ကာလရှည် တည်းခိုနေထိုင်သူများ ရှိမရှိနှင့် ရှိပါက ၎င်းတို့၏ လုပ်ကိုင်စားသောက် နေထိုင်မှုများကို နေ့စဉ်စောင့်ကြည့် သတင်းရယူခြင်း၊ သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့များက စောင့်ကြည့်သတင်းရယူကာ ထိရောက်စွာဖမ်းဆီးအရေးယူခြင်း၊ ကြပ်မတ်ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိတယ်လို့လည်း ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

Photos- MOI

Your Ad Here
Ad Size: 336x280 px

More News