[latest_news_marquee]

ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘဏ္ဍာနှစ် ၄ လအတွင်း တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျော မက်ထရစ်တန်ချိန် (၅၉,၀၀၀)ကျော် တင်ပို့ထား

၂၀၂၆-၂၀၂၇ ခုနှစ် ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇူလိုင်လအထိ ၄ လတာအတွင်း ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျော မက်ထရစ်တန်ချိန် (၅၉,၀၀၀)ကျော် တင်ပို့ထားကြောင်း ကချင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။

အဆိုပါတင်ပို့မှုကို လက်ရှိမှာ ကုမ္ပဏီပေါင်း ၄၆ ခုက တင်ပို့နေတာဖြစ်ပြီး တစ်သျှူးငှက်ပျော မက်ထရစ်တန် တစ်တန်ကို ငွေကျပ် ၇၄၀,၀၀၀ ကျော် ဝန်းကျင်ဖြင့် ရောင်းချနေကြောင်း ၎င်းဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တစ်သျှူးငှက်ပျောကတော့ အခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ဧပြီလမှ ဇူလိုင်လအထိ စုစုပေါင်း မက်ထရစ်တန် ၅၉,၇၂၅ တန် တင်ပို့ထားပြီးဖြစ်ပါတယ်။ ၁ မက်ထရစ်တန်ကို ၇၄၂,၅၆၀ ကျပ်နှုန်းနဲ့ဖြစ်ပါတယ်။ ကံပိုက်တည်နယ်စပ်ဂိတ်ကနေပြီးတော့ တင်ပို့နေတာဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

ပြည်တွင်းမှာ တစ်သျှူးငှက်ပျောကို အဓိကအားဖြင့် မြစ်ကြီးနား၊ ဗန်းမော် တို့မှာ စိုက်ပျိုးနေပြီး GACC လက်မှတ်ရရှိထားသည့် ကုမ္ပဏီပေါင်း ၄၆ ခု၏ စိုက်ပျိုးဧကပေါင်း ၅၅၂၅၃ ဧက ရှိကြောင်း၊ သို့သော်လည်း GACC လျှောက်ထားခြင်းမရှိဘဲ စိုက်ပျိုးနေသည့် ကုမ္ပဏီများ၏ စိုက်ပျိုးဧက အားဖြင့်လည်း ဧက ပေါင်း ၇၀၀၀၀ ခန့်ရှိကြောင်း၊ GACC မလျှောက်ရသေးသည့် ကုမ္ပဏီများအနေဖြင့်လည်း လျှောက်ထားမှုများကို ဆက်လက်လုပ်ဆောင်၍ တရုတ်နိုင်ငံသို့ ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Your Ad Here
Ad Size: 336x280 px

More News