[latest_news_marquee]

မကွေးမြို့ ကမ်းနားလမ်း၌ View Point တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းကျော်ပြီးစီး

မကွေးမြို့၊ ကမ်းနားလမ်းမှာ အများပြည်သူ အနားယူအပန်းဖြေနိုင်ဖို့အတွက် မြစ်ဧရာရှုခင်းသာ View Point တည်ဆောက်နေမှုဟာ လက်ရှိမှာ (၈၀)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်တယ်လို့ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရပါတယ်။

အဆိုပါ View Point တွင် ဧရာဝတီမြစ်ကြီးရဲ့အလှအပ၊ မကွေး-မင်းဘူး မြစ်ကူးတံတားကြီးရဲ့ အလှအပတွေကိုပါ ကြည့်ရှုခံစားနိုင်မှာဖြစ်သလို မကွေးမြို့ရဲ့အထင်ကရ မြသလွန် စေတီတော်၊ ကန်တော်မင်္ဂလာကန် စတဲ့နေရာတွေနဲ့အတူ ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေကြောင်းလည်း သိရပါတယ်။

မကွေးမြို့ကမ်းနားလမ်းဟာ အရှည် ပေ ၉၀၀၀ ကျော်ရှိပြီး မြစ်ဧရာရှုခင်းသာ View Point တည်ဆောက်ဖို့ အတွက် အလျား ပေ ၃၀၀ ၊ အကျယ်ပေ ၃၀ ခန့် အသုံးပြုထားကာ ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၅၇၀၀ နဲ့ ဇွန်လ ၁ ရက်က စတင်တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။

ရှုခင်းသာ View Point အတွင်းမှာ အများပြည်သူအနားယူအပန်းဖြေနိုင်ရန် ထိုင်ခုံတန်းတွေ ၊ အားကစားပြုလုပ်ဖို့နေရာတွေနဲ့ စားသောက်ဆိုင်တွေစသဖြင့် ထည့်သွင်းတည်ဆောက်ထားတယ်လို့ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News