နိုင်ငံတကာတွင် ဘွဲ့ကြိုနှင့် ဘွဲ့လွန်ပညာသင်ကြားရန် ပြင်ဆင်နေသူများအနေဖြင့် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ကျောင်းဝင်ခွင့်ဗီဇာနှင့် ပညာသင်ဆုများကို လေ့လာနိုင်မည့် ပညာရေးဆွေးနွေးပွဲကို CROWN Education မှကြီးမှူး၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါပညာရေးဆွေးနွေးပွဲကို လာမည့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Novotel Yangon Max ၌ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။
ပညာရေးဆွေးနွေးပွဲတွင် မိမိသွားရောက်သင်ယူလိုသည့် နိုင်ငံ၊ ဘာသာရပ်နှင့် ကျောင်းဝင်ခွင့်အချက်အလက်များကို စနစ်တကျလေ့လာနိုင်မည့်အပြင် မိမိနှင့် အသင့်တော်ဆုံးနိုင်ငံနှင့်ကျောင်းဝင်ခွင့်များကို သိရှိနိုင်မှာဖြစ်သလို ဆွေးနွေးပွဲ၌ ကနေဒါ၊ အိုင်ယာလန်၊ နယ်သာလန်၊ နယူးဇီလန်၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဟန်ဂေရီ၊ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် ချက်သမ္မတနိုင်ငံတို့ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။
ဆွေးနွေးပွဲသို့တက်ရောက်သူများအနေဖြင့် CROWN Global Education Ticket ရရှိမည်ဖြစ်ပြီး အထူးအခွင့်အရေးအနေဖြင့် Application Fee Waiver များ၊ Scholarship အခွင့်အလမ်းများလည်း ပါရှိမည်ဖြစ်ကြောင်း သိရပါတယ်။
Photo – CROWN Education






