[latest_news_marquee]

Golden Triangle Paradise Resort Hotel ကို နှစ် ၃၀ ကျော် ငှားရမ်းရန် စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်

ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြေဧက ၁,၀၀၀ ပေါ်ရှိ  Golden Triangle Paradise Resort Hotel ကို နှစ် ၃၀ ကျော် ငှားရမ်းရန် စီးပွားရေးလုပ်ငန်းရှင်များအား တင်ဒါဖိတ်ခေါ်ထားပါတယ်။ 

အဆိုပါဖိတ်ခေါ်ချက်အရ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနပိုင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ရပ်၊ မြေဧက ၁,၀၀၀ ပေါ်ရှိ Golden Triangle Paradise Resort Hotel ကို ငှားရမ်း၍ လုပ်ငန်းဆောင်ရွက်နေသည့် Golden Triangle Paradise Resort Co., Ltd ထံမှ ပြန်လည်ရယူပြီးဖြစ်တယ်လို့ သိရပါတယ်။ 

ယခုအခါ အဆိုပါ ဟိုတယ်နှင့်မြေအား သက်တမ်းကာလ နှစ် (၃၀+၅+၅) နှစ်ဖြင့် နှစ်ရှည်ငှားရမ်းမည်ဖြစ်ပါ၍ ရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်းရှင်များအနေဖြင့် “အိတ်ဖွင့်တင်ဒါအဆိုပြုလွှာ” တင်သွင်းရန် ဖိတ်ခေါ်ကြောင်း သိရပါတယ်။

စိတ်ပါဝင်စားသူများအတွက် အဆိုပြုလွှာ ပုံစံများကို ယနေ့စက်တင်ဘာလ ၁၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရောင်းချပေးသွားမည်ဖြစ်ပြီး ယခု လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီတွင် နောက်ဆုံးထားကာ ပြန်လည်တင်သွင်းရမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ 

တင်သွင်းပြီး အဆိုပြုလွှာများကို  စက်တင်ဘာ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲမှာ ဖွင့်ဖောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ အဆိုပြုလွှာပုံစံရောင်းချမည့်နေရာနှင့် ပြန်လည်တင်သွင်းရမည့်နေရာ အနေဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ်(၃၃)၊ နေပြည်တော်တွင်ဖြစ်ကြောင်းနှင့်  အသေးစိတ်သိရှိလိုပါက ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။ 

Photo – Internet/MOI

Your Ad Here
Ad Size: 336x280 px

More News