တရုတ်(ဟောင်ကောင်) ၌ ၄ ရက်ကြာကျင်းပမည့် October Show ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ရန် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများ အသင်းချုပ် (UMFCCI)မှ ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။
အဆိုပါဖိတ်ခေါ်ချက်အရ တရုတ်(ဟောင်ကောင်)ရှိ AsiaWorld-Expo တွင် လာမည့် အောက်တိုဘာလ ၁၁ ရက်မှ ၁၄ ရက်အထိ ၄ ရက်ကြာကျင်းပမည့် October Show သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်နိုင်ပြီး ပြပွဲသို့ တက်ရောက်သူတစ်ဦးလျှင်လည်း အမေရိကန်ဒေါ်လာ ၁၀၀ စီကို သီးသန့်ငွေသားအဖြစ် ပြန်လည်ပေးအပ်သွားမည်ဖြစ်သည့်အပြင် အဖွဲ့ဝင်များအတွက် အခမဲ့ Shuttle ဝန်ဆောင်မှုနှင့် ဧည့်လမ်းညွှန်ဝန်ဆောင်မှုများလည်း ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။
ထို့အပြင် အခမဲ့အစားအသောက်နှင့် အဖျော်ယမကာဘောက်ချာများ၊ VIP Lounge ဝင်ခွင့်နှင့် Business Matching Meeting များတွင် ပါဝင်တက်ရောက်ခွင့်များလည်း ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။
ထို့ကြောင့် စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် October Show သို့ တက်ရောက်လိုပါက သက်ဆိုင်ရာအသင်းအဖွဲ့များမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားနိုင်သကဲ့သို့ တိုက်ရိုက်လျှောက်ထား၍လည်း တက်ရောက်နိုင်ကြောင်း သိရပါတယ်။
Photo – internet






