[latest_news_marquee]

ကုန်ဈေးနှုန်းများ ကြီးမြင့်နေသည့် အကြောင်းရင်းကို  တိတိကျကျ ဆန်းစစ်ရန်လိုအပ်ဟု နိုင်ငံတော်သမ္မတပြော

လက်ရှိကာလမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းသည် ပြည်သူများ၏ နေ့စဉ်ဘဝအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်ပြီး ကုန်ဈေးနှုန်းများ ကြီးမြင့်နေသည့် အကြောင်းရင်းကို တိတိကျကျ ဆန်းစစ်ရန်လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၁ (MICC-1) ၌ စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားမှာ ၎င်းက တက်ရောက်အမှာစကား ပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

“လက်ရှိနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများအနက် အဓိကတွေ့မြင်နေရတာဟာ ကုန်ဈေးနှုန်းကြီးမြင့်နေမှုပင်ဖြစ်ပါတယ်။ ဒါကြောင့် ကုန်ဈေးနှုန်းများ ကြီးမြင့်နေသည့် အကြောင်းရင်းကို မိမိတို့အနေဖြင့် တိတိကျကျ ဆန်းစစ်ရန်လိုအပ်‌ပါတယ်။ ပထမအချက် အနေနဲ့ ထုတ်လုပ်မှုနှင့်သုံးစွဲမှု Supply and Demand မမျှတခြင်းကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်းနဲ့ ဒုတိယအချက်အနေနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ် Cost of Production (CoP) မြင့်မားနေခြင်းတို့ကြောင့်ဖြစ်ပါတယ်” လို့ နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။

ထို့အပြင် ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားခြင်းမှာ လောင်စာဆီဈေးနှုန်း မြင့်တက်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေးနှင့် စရိတ်စကများပြားခြင်း၊ လုပ်အားခမြင့်မားခြင်း၊ အခြေခံကုန်ကြမ်းများ ဈေးနှုန်းမြင့်တက်လာခြင်းနှင့် အခြားအထွေထွေကုန်ကျစရိတ်များ မြင့်မားနေခြင်းကြောင့်ဖြစ်တဲ့အပြင် ကုန်စည်သယ်ယူ ပို့ဆောင်ရာမှာ ဖြတ်သန်းရတဲ့ဂိတ်တွေ များပြားလာပြီး ဂိတ်တွေနဲ့ ဆက်စပ်တဲ့ တရားမဝင် ကုန်ကျစရိတ်တွေက ကုန်ဈေးနှုန်းအပေါ် သက်ရောက်မှု ရှိနေကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်ရန်ဆိုပါက ထုတ်လုပ်မှုနှင့် စားသုံးမှုမျှတအောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထုတ်လုပ်မှုနှင့် စားသုံးမှုမျှတလာမှသာ ဈေးကွက်အတွင်း လိုအပ်ချက်နှင့် ရောင်းလိုအားကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်မှာဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပြည်နယ်နဲ့ တိုင်းတွေအလိုက် စာရင်းတွေကို စုစည်း တွက်ချက်ကြည့်ပါကလည်း အသား၊ ငါးနဲ့ ဝက်သားတွေ အပါအဝင် မွေးမြူရေးထုတ်ကုန်တွေဟာ လိုအပ်ချက်ကို ပြည့်မီတာမရှိဘဲ ပြည်တွင်း ဆီထုတ်လုပ်မှုကိုလည်း အမှန်တကယ် ဆောင်ရွက်ဖို့လိုကြောင်း၊ ထိုအခြေအနေကို ကျော်လွှားနိုင်ရန်အတွက် လယ်ယာထုတ်လုပ်မှုပမာဏကို သိသိသာသာမြှင့်တင်ပြီး ပြည်တွင်းစားနပ်ရိက္ခာလုံလောက်စွာရရှိကာ ကုန်ဈေးနှုန်းများကို အများပြည်သူတတ်နိုင်သည့် အဆင့်အတိုင်း လျှော့ချနိုင်ရန်လိုအပ်တယ်လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။

Your Ad Here
Ad Size: 336x280 px

More News