[latest_news_marquee]

ရန်ကုန်တိုင်း ခရိုင် ၄ ခုရှိ မြို့နယ်များတွင် ညနေ ၃ နာရီခွဲအထိ ယာယီဓာတ်အား ပြတ်တောက်မည်

ရွှေတောင်ဓာတ်အားခွဲရုံတွင် 230kV Bus Shutdown ဆောင်ရွက်မှာဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး ခရိုင် ၄ ခုအတွင်းရှိ မြို့နယ်များတွင် ယနေ့ စတင်ဘာ ၂၄ ရက်နေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီခွဲ အချိန်အထိ ယာယီဓာတ်အားပြတ်တောက်မှာဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) မှ ထုတ်ပြန်ထားပါတယ်။

ထိုသို့ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင် အတွင်းရှိ မြို့နယ်များတွင် ဝန်အားထိန်းညှိဆောင်ရွက်မှာဖြစ်တဲ့အတွက် ယာယီဓာတ်အားပြတ်တောက်မှာဖြစ်တယ်လို့ YESC မှ အသိပေးထားပါတယ်။

Photo – YESC

Your Ad Here
Ad Size: 336x280 px

More News