AI ဖြင့် ဥပဒေ အမေး/အဖြေတွေကို စမ်းသပ် လေ့ကျင့်ပေးနေပြီး မကြာမီ ကာလတွင် အများပြည်သူသို့ Launching ပြုလုပ်နိုင်ရေး ကြိုးပမ်းနေတယ်လို့ ဥပဒေရေးရာဝန်ကြီးဌာနမှ သိရပါတယ်။
AI Model Version 1 တွင် ဥပဒေ အမေးအဖြေပေါင်း ၁၀,၀၀၀ ကျော် ကို ထည့်သွင်းလေ့ကျင့်နိုင်ခဲ့ပြီး ထပ်မံထည့်သွင်းလေ့ကျင့်ရန် ဥပဒေ Domain များ ရွေးချယ်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
AI Model Version 1 ကို အသုံးပြု၍ ဥပဒေမေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်းများကို စမ်းသပ် ဆောင်ရွက်နေပြီဖြစ်ပြီး AI နည်းပညာဖြင့် ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများကို လုပ်ဆောင်ရန် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးက စက်တင်ဘာ ၃၀ ရက်က ပြုလုပ်တဲ့ ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရှေ့ဆက် ဆောင်ရွက်မည့် AI နည်းပညာဖြင့် ဥပဒေအသိပညာ ပြန့်ပွားရေး အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ထို့အတူ အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့်လည်း Myanmar Legal Assistant AI Model Version 1 တွင် ဥပဒေဆိုင်ရာ အချက်အလက်များ ထည့်သွင်းဆောင်ရွက်မှု၊ တိုးတက်မှုနှင့် နည်းပညာပိုင်းဆိုင်ရာ ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ အဆိုပါ အစည်းအဝေးမှာ ဆွေးနွေးခဲ့တယ်လို့လည်း ဥပဒေရေးရာဝန်ကြီးဌာနမှ သိရပါတယ်။
Photo- MWD






