ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ၈ လတာအတွင်း ယာဉ်တိုက်မှုပေါင်း ၅၃ မှုဖြစ်ပွားခဲ့ပြီး ၂၀၂၅ ခုနှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက အနည်းငယ်လျော့ကျခဲ့ကာ သေဆုံးမှုမှာတော့ ၁၁ ဒသမ ၆၇ ရာခိုင်နှုန်း ပိုလာကြောင်း နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရပါတယ်။
စာရင်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ယာဉ်တိုက်မှုပေါင်း ၆၃ မှုဖြစ်ပွားခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ၅၃ မှုဖြစ်ပွားခဲ့သည့်အတွက် ၁၀ မှု လျော့နည်းလာသည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် ဒဏ်ရာရရှိမှုအနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ၈၃ မှုရှိခဲ့သလို ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ၇၇ မှု သာဖြစ်ပွားခဲ့သည့်အတွက် ၆ မှု လျော့နည်းလာသည်ကို တွေ့ရှိရကြောင်း အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရပါတယ်။
ထို့အပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၆၀ ဦးရှိခဲ့ပြီး ၊ ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ၆၇ ဦး ရှိခဲ့သည့်အတွက် ၇ ဦး ပိုမိုလာသည်ကိုတွေ့ရှိရကြောင်း၊ ရာခိုင်နှုန်းဖြင့်တွက်ပါက ၂၀၂၅ ခုနှစ်ထက် ၂၀၂၆ ခုနှစ်တွင် ယာဉ်တိုက်မှုပေါင်း ၁၈ ဒသမ ၈၇ ရာခိုင်နှုန်းနှင့် ဒဏ်ရာရရှိမှုသည် ၇ ဒသမ ၇၉ ရာခိုင်နှုန်း လျော့နည်းကျဆင်းလာခဲ့ပြီး သေဆုံးမှုမှာ ၁၁ ဒသမ ၆၇ ရာခိုင်နှုန်း ပိုမိုလာသည်ကိုတွေ့ရှိရကြောင်း၊ အလားတူ ၂၀၂၆ ခုနှစ် စက်တင်ဘာလ တစ်လတာအတွင်းမှာပင် ယာဉ်တိုက်မှု ၄ မှု၊ ဒဏ်ရာရမှု ၆ မှု၊ သေဆုံးသူ ၃ ဦးရှိကြောင်း သိရပါတယ်။
Photo – MOI






