[latest_news_marquee]

အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှ ဝင်လာမယ့် ခရီးသည်များ၏ လက်ကိုင်ဖုန်းများ CEIR စနစ်တွင် အကျုံးမဝင်ပါက မှတ်ပုံတင်ရန် လျှောက်ထားနိုင်ပြီး ကျသင့်အခွန် ပေးသွင်းရမယ်

အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှ ဝင်လာမယ့် ခရီးသည်များအနေဖြင့် CEIR စနစ်တွင် မှတ်ပုံတင်ထားခြင်း မရှိသေးသော မိုဘိုင်းလက်ကိုင်ဖုန်းများ ပါရှိလာပါက လေဆိပ် အကောက်ခွန် ကောင်တာတွင် Passenger Declaration Form (PD Form) ဖြင့် ကြေညာရမှာ ဖြစ်ပြီး မိုဘိုင်းလက်ကိုင်ဖုန်းများအား CEIR စနစ်တွင် မှတ်ပုံတင်နိုင်ရန်အတွက် CEIR OSS အဖွဲ့သို့ မှတ်ပုံတင် လျှောက်ထားကာ ကျသင့်အခွန် ပေးသွင်းရမယ်လို့ CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီမှ ထုတ်ပြန် ထားပါတယ်။

CEIR စနစ်အတွက် နယ်စပ်ဝင်ပေါက်များမှလည်းကောင်း၊ ပင်လယ်ရေကြောင်းဝင်ပေါက်များမှ လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှလည်းကောင်း ဝင်ရောက်လာသော မိုဘိုင်းလက်ကိုင်ဖုန်းများအား မှတ်ပုံတင်၍ ဆောင်ရွက်လျက်ရှိရာ ထိုသို့ ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာလေဆိပ် (ရန်ကုန်၊ နေပြည်တော်၊ မန္တလေး) များမှ ဝင်ရောက်လာသည့် ခရီးသည်များနှင့်အတူပါရှိလာသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို CEIR စနစ်တွင် မှတ်ပုံတင်ရန်အတွက် ယခုကဲ့သို့ ဆောင်ရွက်ခွင့်ပြုမှာဖြစ်ပြီး ခရီးသည်တစ်ဦးလျှင် လက်ရှိ အသုံးပြုနေသည့် ဖုန်းအပါအဝင် မိုဘိုင်းလက်ကိုင်ဖုန်း နှစ်လုံးသာ သယ်ယူခွင့်ပြုတယ်လို့ သိရပါတယ်။

PD Form ကြေညာရာတွင် ဖုန်းများ၏ IMEI နံပါတ်အား မဖြစ်မနေ ထည့်သွင်းကြေညာရမှာဖြစ်ပြီး CEIR OSS အဖွဲ့သို့ မှတ်ပုံတင် လျှောက်ထားရာတွင်လည်း CEIR စနစ်တွင် မှတ်ပုံတင်ခွင့် လျှောက်လွှာ၊ Passport (မိတ္တူ) (ဓါတ်ပုံပါသောရှေ့စာမျက်နှာနှင့် လေဆိပ်လဝကမှ ရောက်ရှိရက်စွဲ ရိုက်နှိပ်ထားသော စာမျက်နှာ)၊ Boarding Pass (မူရင်း၊ မိတ္တူ)၊ လေယာဉ်လက်မှတ် (မူရင်း၊ မိတ္တူ) နှင့် Passenger Declaration Form (PD Form) (မူရင်း) တို့နှင့်အတူ လျှောက်ထားရမယ်လို့လည်း သိရပါတယ်။

ထိုသို့ လျှောက်ထားလာမှုကို Passenger Declaration Form (PD Form) ကြေညာခဲ့သည့်ရက်မှ ရက်ပေါင်း (၃၀) အတွင်း လျှောက်ထား၍ ကျသင့်အခွန်ကို ပေးသွင်းရမှာဖြစ်ပြီး ရက်ပေါင်း (၃၀) အတွင်း လျှောက်ထားခြင်း မရှိပါက CEIR စနစ်မှ ကျသင့်အခွန်အပြင် ဒဏ်ကြေးများ ကောက်ခံသွားမှာဖြစ်သလို ခရီးသည်တစ်ဦးလျှင် ပထမအကြိမ် PD Form ကြေညာသည့်နေ့မှ တစ်နှစ်အတွင်း မိုဘိုင်းလက်ကိုင်ဖုန်း (၂) လုံးအထိသာ လျှောက်ထားနိုင်တယ်လို့လည်း သိရပါတယ်။

Photos- MFN 

Your Ad Here
Ad Size: 336x280 px

More News