[latest_news_marquee]

၇ ရက်ကြာကျင်းပပြုလုပ်မည့် တောင်ကြီးမီးပုံးပျံပွဲတော်အတွက် ဈေးဆိုင်ခန်း၊ ကစားကွင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအား ဈေးပြိုင်လေလံခေါ်

တောင်ကြီးမီးပုံပျံပွဲတော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် လာမည့် နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၇ ရက်ကြာ ကျင်းပပြုလုပ်သွားမှာဖြစ်တာကြောင့် ဈေးဆိုင်ခန်း၊ ကစားကွင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ဈေးပြိုင်လေလံခေါ်ယူလျက်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရပါတယ်။  

အဆိုပါပွဲတော်အတွက် လုပ်ငန်း(၄)မျိုးကို လေလံလျှောက်လွှာတင်သွင်းရန် ဖိတ်ခေါ်ထားပြီး ၎င်းလုပ်ငန်းများဟာ  ဈေးဆိုင်ခန်းများ၊ ပျံကျဈေးနှင့် လက်ပွေ့ဈေးသည်များလုပ်ငန်း၊  ချားရဟတ်ကွင်း၊ ကလေးကစားကွင်းနှင့် ပျော့ပျော့အိအိကစားကွင်းလုပ်ငန်း၊ ယာဉ်ရပ်နားစခန်း လုပ်ငန်း(၁)(၂)(၃)(၄)နှင့် သန့်စင်ခန်းလုပ်ငန်း တို့ဖြစ်ကြောင်း သိရပါတယ်။

အထက်ပါလုပ်ငန်းများအား စိတ်ပါဝင်စားသူများအတွက် လေလံတင်လျှောက်လွှာများကို ဘဏ္ဍာငွေကြီးကြပ်ရေးလုပ်ငန်းကော်မတီရုံး (ရှမ်းပြည်နယ်အခွန်ဦးစီးဌာနမှူးရုံး)တွင် ရောင်းချပေးနေပြီး ဝယ်ယူပြီးလျှောက်လွှာများကို အောက်တိုဘာလ ၇ ရက်နေ့ နောက်ဆုံးထားကာ အဆိုပါနေရာသို့ပင် ပြန်လည်တင်သွင်းပေးရမှာဖြစ်ကြောင်းလည်း သိရပါတယ်။

ထိုလျှောက်လွှာများကို အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၉ နာရီခွဲ တွင် ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၂)တွင် ဖွင့်လှစ်ပေးသွားမှာဖြစ်သလို ကုမ္ပဏီများအနေဖြင့် ကြော်ငြာဆိုင်းဘုတ်များဆောင်ရွက်ခြင်း၊ ဆက်သွယ်ရေးကုမ္ပဏီများမှ ဆက်သွယ်ရေးကွန်ရက်လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန် ယာယီရွှေ့ပြောင်းနိုင်သည့် Mobile Tower များ ဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာငွေကြီးကြပ်ရေးလုပ်ငန်းကော်မတီရုံးသို့ ဆက်သွယ် လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

လေလံလျှောက်လွှာတင်သွင်းသူများအနေဖြင့် သတ်မှတ်ရက်၊ သတ်မှတ်ချိန်အတွင်း လာရောက်တင်သွင်းရန်နှင့် ၎င်းနေ့ရက်အချိန်ထက် နောက်ကျ၍ တင်သွင်းလာသည့်လေလံလျှောက်လွှာများအား လက်ခံမည်မဟုတ်ကြောင်း၊ သတ်မှတ်စည်းကမ်းချက်များနှင့်မပြည့်စုံသည့် လျှောက်လွှာများအားလည်း လက်ခံစဉ်းစားမည်မဟုတ်ကြောင်း၊ လေလံလျှောက်လွှာနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဘဏ္ဍာငွေကြီးကြပ်ရေးလုပ်ငန်းကော်မတီရုံးသို့ ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။

Photo – ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်း

Your Ad Here
Ad Size: 336x280 px

More News