လေဖိအားနည်းရပ်ဝန်းဟာ မြန်မာနိုင်ငံမှ ဖြတ်ကျော်ခဲ့ပြီးဖြစ်သည့်အတွက် အစိမ်းရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံချင်းပြည်နယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ် (Mizoram)တို့ကို ဖြတ်ကျော်ခဲ့သော အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် (Mizoram)တို့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ် အားလျော့သွားခဲ့ပြီး မြောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်မယ်လို့ ခန့်မှန်းရကြောင်းလည်း မိုးဇလမှ ထုတ်ပြန်ထားပါတယ်။
Photo- မိုးဇလ






