[latest_news_marquee]

အောက်ပေါင်းလောင်းရေလှောင်တမံ လက်ရှိအခြေအနေ စိုးရိမ်ဖွယ်မရှိ၊ ဒေသအသီးသီး၏ တမံများအခြေအနေ လူမှုမီဒီယာများတွင် အချိန်နှင့်တစ်ပြေးညီ အသိပေးလျက်ရှိ ဟုဆို

အောက်ပေါင်းလောင်းရေလှောင်တမံ၏ လက်ရှိအခြေအနေမှာ စိုးရိမ်ဖွယ်မရှိသလို ဒေသအသီးသီးရှိ တမံများ၏ အခြေအနေများအား လူမှုမီဒီယာများတွင် အချိန်နှင့်တစ်ပြေးညီ အသိပေးလျက်ရှိတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရပါတယ်။

လက်ရှိအခြေအနေအရ ဒေသ၏ ဘေးကင်းလုံခြုံမှုနှင့် ရေကြီးရေလျှံမှုအတွက် စိုးရိမ်ဖွယ်မရှိကြောင်းနှင့် ရေသိုလှောင်ပမာဏ များပြားသော တမံများ၏ အခြေအနေကို သက်ဆိုင်ရာ ဒေသအသီးသီးရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက လူမှုမီဒီယာများမှ အချိန်နှင့် တစ်ပြေးညီ အသိပေးလျက်ရှိကြောင်း သိရပါတယ်။

အောက်ပေါင်းလောင်းရေလှောင်တမံဟာ လက်ရှိတွင် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) ၁၀ ရွက် ဖွင့်ထားပြီး စီးဝင်ရေနှင့် သိုလှောင်ရေကို ဟန်ချက်ညီ ထိန်းသိမ်းဆောက်ရွက်လျက်ရှိသကဲ့သို ပေါင်းလောင်းရေလွှဲဆည် (အဝေရာရေလွှဲဆည်) မှတစ်ဆင့် ရေလမ်းကြောင်း ထိန်းညှိဆောင်ရွက်နေခြင်းကြောင့် ရေဝေရေလဲဒေသနှင့် စစ်တောင်းမြစ်တစ်လျှောက်တွင် ထူးကဲသည့် မိုးသည်းထန်စွာ ရွာသွန်းမှုမရှိပါက ရေကြီးရေလျှံမှုဖြစ်ပေါ်ရန် မရှိကြောင်း သိရပါတယ်။

ထို့အပြင် ရေလှောင်တမံသည် မူလကန်ရေပြည့် ရေလှောင်ပမာဏ ၅ ဒသမ ၄၉ သိန်း ဧကပေရှိပြီး ရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တံခါးရွက် ၂၀ တပ်ဆင်၍ ရေလှောင်ပမာဏ ဧကပေ ၂၁၀၀၀ ခန့် ပိုမိုသိုလှောင်နိုင်ခြင်းကြောင့် နှစ်စဉ် ရေအားလျှပ်စစ် ယူနစ်ရှစ်သန်းပိုမိုထုတ်လုပ်ကာ စုစုပေါင်းရေအားလျှပ်စစ်ယူနစ် ၉၁၉ သန်း ထုတ်လုပ်လျက်ရှိတယ်လို့ သိရပါတယ်။

အောက်ပေါင်းလောင်း ရေလှောင်တမံအနေဖြင့် တည်ဆောက်အသုံးပြုခဲ့သည့် ၂၁ နှစ် တာကာလအတွင်း ရေပိုလွှဲမှ (၁၈) ကြိမ် ရေကျော်စီးဆင်းခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ရာဂီ မုန်တိုင်းအရှိန်ကြောင့် ရေပိုလွှဲမှ အမြင့် ၁၁ ပေကျော်အထိ ရေကျော်စီးဆင်းခဲ့ပြီး ဒေသတွင်း ရေကြီးရေလျှံမှုကြုံတွေ့ခဲ့ရဖူးတယ်လို့လည်း သိရပါတယ်။


တမံများ, အောက်ပေါင်းလောင်းရေလှောင်တမံ, 

Photo-MOI

Your Ad Here
Ad Size: 336x280 px

More News