[latest_news_marquee]

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် သဘာဝဘေးများ ပိုမိုဖြစ်ပေါ်လာနိုင်

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် နောက်ပိုင်းမှာ နီပေါ ရေကြီးမှုလိုမျိုး ကြောက်စရာကောင်းပြီး အသက်ဘေးစိုးရိမ်ရတဲ့ သဘာဝဘေးအန္တရာယ်တွေ အကြိမ်ရေပိုမိုများပြားစွာ ဖြစ်လာနိုင်တယ်လို့လည်း ပညာရှင်တွေက သတိပေးပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က နီပေါနဲ့ တိဗက်နယ်စပ် ဟိမဝန္တာတောင်တန်းဒေသမှာ ဖြစ်ပွားသွားခဲ့တဲ့ ရေခဲပြင်ပြိုကျမှုနဲ့ ရေကြီးမြေပြိုမှုတွေကြောင့် လက်ရှိအချိန်အထိ လူ ၆၀၀ ဦးကျော် သေဆုံးခဲ့ကာ လူထောင်ပေါင်းများစွာ သေဆုံးဖွယ်ရှိနေပြီး ယခုချိန်ထိလည်း လူ ၃၀၀၀ နီးပါးဟာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ယနေ့အချိန်မှာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဟိမဝန္တာဒေသက ရေခဲပြင်တွေ အရည်ပျော်နှုန်းဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ နှစ်ဆမက ပိုမြန်ဆန်လာတယ်လို့ တောင်တန်းဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(ICIMOD)က ထုတ်ပြန်ထားပါတယ်။

စင်ကာပူ နန်ယန်းနည်းပညာတက္ကသိုလ်မှ ငလျင်ဗေဒပညာရှင် ဒေါက်တာလိုင်ဗွန်းဟွေးကတော့ လေထုပူနွေးလာတာကြောင့် ရေခဲပြင်တွေနဲ့ အေးခဲနေတဲ့ မြေလွှာတွေပျော့သွားပြီး တောင်စောင်းတွေ မခိုင်ခံ့တော့ဘဲ အခုလို ပြိုကျမှုတွေ ခဏခဏဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

ထို့အတူ ဟောင်ကောင်ဒေသ မြို့ပြတက္ကသိုလ်မှ ပါမောက္ခ ဘင်ဂျမင်ဟော်တန်ကလည်း အရည်ပျော်ကျလာတဲ့ရေတွေက တောင်စောင်းအက်ကြောင်းတွေထဲ ဝင်သွားပြီး မြေပြိုတာနဲ့ရေကြီးတာတွေကို ဆက်တိုက်ဆိုသလိုဖြစ်ပေါ်စေတာကြောင့် သဘာဝဘေးထိခိုက်ဆုံးရှုံးမှုလျှော့ချနိုင်ဖို့ သတိပေးစနစ်တွေ တည်ဆောက်ပြီး အသိပညာပေးလုပ်ငန်းတွေကို ထိရောက်စွာလုပ်ဆောင်ရေးအတွက် ပညာရှင်များက တိုက်တွန်းထားပါတယ်။ 

သဘာဝဘေး, ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု, ကမ္ဘာကြီးပူနွေးလာမှု,  

Photo- MWD

Your Ad Here
Ad Size: 336x280 px

More News