[latest_news_marquee]

အနုပညာရှင်တွေအပါအဝင် လုပ်ငန်းရှင်တွေနဲ့ ၎င်းတို၏ သားသမီးတွေပါ အလှည့်ကျ စစ်မှုထမ်းရမည်ဟုဆို

အနုပညာရှင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ ၎င်းတို၏ သားသမီးတွေအပါအဝင် ပြည့်သူ့ စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေများ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီတဲ့ အမျိုးသားတိုင်း အလှည့်ကျတဲ့ အချိန်ကျရင် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်လို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်မျိုးသန့်က ပြောကြားထားပါတယ်။

စက်တင်ဘာ(၂၄)ရက်က ကျင်းပတဲ့ တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ဗိုလ်တထောင်မြိုနယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက်ရဲ့ စစ်မှုထမ်း ဆင့်ခေါ်နေမှု လုပ်ငန်းစဉ်များနဲ့ ပတ်သက်လို ထပ်ဆင့်မေးခွန်းမေးမြန်းမှုအပေါ် ဒုတိယဝန်ကြီးက ဖြေကြားရာမှာ အခုလို ထည့်သွင်းဖြေကြားခဲ့တာပါ။

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်မျိုးသန့်က “ကျွန်တော်တို ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ခြင်းနဲ့ ပတ်သက်လိုတော့ နည်းဥပဒေ၊ ဥပဒေများ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီတဲ့ အမျိုးသားတိုင်းဟာ အလှည့်ကျတဲ့ အချိန်ကျရင် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို ကျွန်တော်တို တင်ပြထားတဲ့ ကင်းလွတ်ခွင့် ရရှိနိုင်တဲ့သူများမှအပ ကျန်တဲ့သူများဟာ အလှည့်ကျ တာဝန်ထမ်းဆောင်ရမှာဖြစ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်”လို ဖြေကြားခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက်က မေးခွန်းမေးမြန်းရာမှာ “ကျွန်တော် ဆက်စပ်မေးခွန်းအနေနဲ့ လက်ရှိ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းနေတဲ့နေရာမှာ လက်ရှိ တပ်မတော်ထိပ်တန်းခေါင်းဆောင်ကြီးများ၏ သားသမီးတွေပါ စစ်မှုထမ်းနေတာ သိရတဲ့အတွက် များစွာ ဝမ်းမြောက်မိပါတယ်။ ထိုအတွက် နိုင်ငံတကာနည်းတူ မိမိတိုနိုင်ငံမှာလည်း အခြားသော အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ ၎င်းတို၏ သားသမီးတွေကိုပါ စစ်မှုထမ်း ဆင့်ခေါ်ဖို အစီအစဉ် ရှိမရှိနဲ့ စစ်မှုထမ်းပြီးတော့ ပြန်ခဲ့တဲ့ စစ်မှုထမ်းငယ်လေးတွေဟာ အပြန်စရိတ်၊ စားစရိတ်၊ နေထိုင်စရိတ် စတဲ့ ကိစ္စများ အခက်အခဲဖြစ်ကြောင်း မြိုနယ်အချိုမှာ သိရှိရပါတယ်။ ထိုအတွက် ထိုကိစ္စများကိုလည်း အဆင်ပြေအောင် မြှင့်တင်ဆောင်ရွက်သွားမလား ဆိုတာလေးကို သိလိုပါတယ်” လို လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။

“ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးတော့ မိဘရပ်ထံ ပြန်တဲ့ကလေးတွေကို စားစရိတ်၊ သွားစရိတ် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အစီအစဉ်နဲ့ ပြန်ပေးသလို တပ်မတော်အနေနဲ့လည်း လိုအပ်တာများကို အထောက်အပံ့များ ဆောင်ရွက်ပေးလျက် ရှိပါတယ်” လိုလည်း ဒုတိယဝန်ကြီးက ထည့်သွင်းဖြေကြားခဲ့ပါတယ်။

လက်ရှိအချိန်တွင်မြန်မာနိုင်ငံ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ကိုက်ညီသော အမျိုးသားဦးရေ(၆ ဒသမ ၂)သန်းခန့် ရှိနေပြီး ပြည်သူ့စစ်မှုထမ်းဥပ‌ဒေအရ သင်တန်းအပတ်စဉ် (၂၈)အထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

Photos- Pyithu Hluttaw

Your Ad Here
Ad Size: 336x280 px

More News