မော်တော်ယာဉ်မောင်းနှင်မှုအား “စုံ” ရက်၊ “မ” ရက် ခွဲခြားမှု မရှိဘဲ ပုံမှန်အတိုင်းပြန်လည်မောင်းနှင်နိုင်ပြီလို့ နိုင်ငံတော်သမ္မတရုံးသတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်လိုက်ပါတယ်။
ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေးပဋိပက္ခများကြောင့် စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးနှင့် ဖူလုံမှုရှိစေရေးတို့အတွက် “စုံ”ရက်များတွင် စုံနံပါတ်အက္ခရာ ပါသောယာဉ်များနှင့် “မ”ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များအား သတ်မှတ်ချက်များနှင့်အညီ ကန့်သတ်မောင်းနှင်အသုံးပြုရန် ပြည်သူသို့အသိပေးကြေညာချက်များကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ယခုအခါ စက်သုံးဆီသုံးစွဲမှုသည် ပုံမှန်တည်ငြိမ်သည့်အခြေအနေသို့ ရောက်ရှိလာပြီး ပြည်သူများသွားလာရေး အဆင်ပြေချောမွေ့စေရန်နှင့် စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် လည်ပတ်စေရန်တို့အတွက် အထက်ပါ ထုတ်ပြန်ခဲ့သည့် ပြည်သူသို့အသိပေးကြေညာချက်များအား ယနေ့ စက်တင်ဘာလ ၉ ရက်မှစတင်၍ ပယ်ဖျက်လိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။
သို့သော်လည်း နိုင်ငံ၏စွမ်းအင်လုံခြုံရေးအတွက် စက်သုံးဆီဖြန့်ဖြူး ရောင်းချခြင်း စနစ်အား လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ လက်ရှိကျင့်သုံးလျက်ရှိသော “စုံ”/“မ” ရက်စနစ်-QR Code သတ်မှတ်ချက်နှင့် အညီ ဆက်လက်ဝယ်ယူရန်ဖြစ်တယ်လို့ အသိပေးကြေညာထားပါတယ်။
ကား, စုံမရက်ဖျက်သိမ်း, စက်သုံးဆီ,
Photos- MFN






