စင်ကာပူနိုင်ငံ Nanyang Technological University (NTU) မှ သိပ္ပံပညာရှင်တွေဟာ နေရောင် ခြည်ကိုအသုံးပြုပြီး ပင်လယ်ရေမှဟိုက်ဒရိုဂျင်ထုတ်လုပ်နိုင်သလို စက်မှုလုပ်ငန်းသုံးအဆိပ်အတောက် ဖြစ်တဲ့ ဟိုက်ဒရာဇင်းကိုပါ တစ်ပြိုင်နက်ဖယ်ရှားပေးနိုင်တဲ့ အရွက်ပုံစံစက်တစ်မျိုးကို ဖန်တီးလိုက်တယ်လို့ သိရပါတယ်။
အဆိုပါ စနစ်ဟာ ပြင်ပမှ လျှပ်စစ်ဓာတ်အားထပ်မံပေးစရာမလိုဘဲ နေရောင်ခြည်ကနေသာ လိုအပ်တဲ့စွမ်းအင်ကိုရယူအသုံးပြုနိုင်တာဖြစ်တယ်လို့ သိရပါတယ်။
ပုံမှန်အားဖြင့် ရေကိုလျှပ်စစ်ဓာတ်ခွဲတဲ့နည်းနဲ့ ဟိုက်ဒရိုဂျင်ကိုထုတ်လုပ်ရာမှာ ရေချိုနဲ့လျှပ်စစ် ဓာတ်အားလိုအပ်ပြီး ပင်လယ်ရေကို တိုက်ရိုက်အသုံးပြုတဲ့အခါ ဆားဓာတ်တွေကြောင့် လျှပ်ကူး ပစ္စည်းပျက်စီးနိုင်ကာ အဆိပ်အတောက်ဖြစ်စေတဲ့ ကလိုရင်းဒြပ်ပေါင်းတွေဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
NTU သုတေသနအဖွဲက သံ၊ ကိုဘော့နဲ့ ခရိုမီယမ်တိုပါဝင်တဲ့ ဓာတ်ကူပစ္စည်းစက်အသုံးပြုပြီး ဒီပြဿနာကို ဖြေရှင်းထားတယ်လို့ ဆိုပါတယ်။
စမ်းသပ်မှုမှာ စက်ဟာ နေရောင်ခြည်အောက် ၇၂ နာရီကျော် ဆက်တိုက်အလုပ်လုပ်နိုင်ခဲ့ပြီး ဟိုက်ဒရိုဂျင်ကို ထုတ်လုပ်နိုင်ခဲ့ပြီး တစ်ဖက်မှာလည်း ရေထဲမှဟိုက်ဒရာဇင်းပမာဏကို အလွန် နည်းပါးတဲ့အဆင့်အထိ လျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သုတေသနအဖွဲက ဒီနည်းပညာသုံးပြီး အခြားညစ်ညမ်း ပစ္စည်းကိုဖယ်ရှားကာ လောင်စာနဲ့စက်မှုကုန်ကြမ်းတွေ ထုတ်လုပ်နိုင်ဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
Photos – MWD






