[latest_news_marquee]

လေယာဉ်လက်မှတ်များကို ဈေးပိုဝယ်ယူခဲ့ရခြင်းနှင့် fake accounts များမှတဆင့် ဝယ်ယူခဲ့ရခြင်းများရှိပါက တိုင်ကြားနိုင်

လေကြောင်းလိုင်းများ၏ လေယာဉ်လက်မှတ်ခနှုန်းထားများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုသည့်နှုန်းထားဖြင့် ဝယ်ယူခဲ့ရခြင်း၊ fake accounts များမှတစ်ဆင့် ဝယ်ယူခဲ့ရခြင်းများရှိပါက တိုင်ကြားနိုင်တယ်လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အသိပေး ထုတ်ပြန်ထားပါတယ်။

ထို့သို့ တိုင်ကြားရာ၌ ခရီးသည်အမည်၊ ဝယ်ယူခဲ့သည့်ရက်စွဲ၊ ခရီးစဉ်အချက်အလက်၊ Booking PNR/Ticket အမှတ်၊ ဝယ်ယူခဲ့ရသည့် ဈေးနှုန်းနှင့် ငွေပေးချေသည့်အထောက်အထား စသည့် တိကျသည့် သတင်းအချက်အလက်များနှင့်အတူ သက်ဆိုင်ရာလေကြောင်းလိုင်းများသို့ တိုက်ရိုက်တိုင်ကြားနိုင်တယ်လို့ ဌာနမှ ဆိုထားပါတယ်။

ထို့အတူ ယင်းကဲ့သို့ လေယာဉ်လက်မှတ်ခနှုန်းထားများကို သတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းချခြင်း၊ fake accounts များမှတစ်ဆင့် ရောင်းချခြင်းများတွေ့ရှိရပါက မည်သူ့ကိုမဆို ပြစ်မှုဆိုင်ရာဥပဒေကြောင်းအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားပါတယ်။

Photo- MOI

Your Ad Here
Ad Size: 336x280 px

More News