ယနေ့ စက်တင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်း ၆ နာရီ ၂၈ မိနစ် အချိန်ခန့်တွင် ၂၃၀ ကေဗွီ သပြေဝ – တောင်တွင်းကြီး ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်ခဲ့မှုကြောင့် တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်မှု (System Breakdown) ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ သိရပါတယ်။
အဆိုပါ ဓာတ်အားအမြန်ပြန်လည်ရရှိရေးအတွက် လျှပ်စစ်ဝန်ထမ်းများမှ အချိန်နှင့် တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ကြာမြင့်ချိန် (၂) နာရီ ဝန်းကျင်ခန့် ဖြစ်ကြောင်း အသိပေးထားပါတယ်။
ဓါတ်အားလိုင်း, SystemBreakdown,
Photo- MOI






