[latest_news_marquee]

ကုန်းတွင်းမုန်တိုင်းငယ် နေပြည်တော်၏ တောင်-အနောက်တောင်ဘက် မိုင် ၅၀ ခန့် အကွာကို ဗဟိုပြုနေ၊ ယနေ့ ညပိုင်း၌ အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့သွားမယ်လို့ဆို

ယနေ့ မနက် ၁၀ နာရီခွဲ အချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံ၊ ဖြူးမြို့၏ တောင်ဘက်အနီးမှ ဖြတ်ကျော်ခဲ့သော ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ရေတာရှည်မြို့ (Yedashe) ၏ အနောက်ဘက်အနီးမှ ဆက်လက် ဖြတ်ကျော်လျက်ရှိ တယ်လို့ ယနေ့ နေ့လည်ပိုင်းက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ အောင်လံမြို့ (Aunglan) ၏ အရှေ့-အရှေ့တောင်ဘက် မိုင် ၄၀ ခန့်၊ မကွေးမြို့ (Magway) ၏ အရှေ့တောင်ဘက် မိုင် ၉၀ ခန့်နှင့် နေပြည်တော် (Naypyitaw) ၏ တောင်-အနောက်တောင်ဘက် မိုင် ၅၀ ခန့် အကွာကို ဗဟိုပြုနေပြီး လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ ရေတာရှည်မြို့၏ အနောက်ဘက်အနီးမှ ဖြတ်ကျော်နေသဖြင့် အညိုရောင်အဆင့်သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ယင်း ကုန်းတွင်းမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်ကာ ယနေ့ညပိုင်းတွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်း အဖြစ်သို့ အားလျော့သွားမယ်လို့ ခန့်မှန်းရကြောင်း မိုးဇလမှ ထုတ်ပြန်ထားပါတယ်။

Photos- မိုးဇလ

Your Ad Here
Ad Size: 336x280 px

More News