[latest_news_marquee]

MPT မှ မိုဘိုင်းစခန်းအသစ် ၂၇ ခု ထပ်မံဖွင့်လှစ်ပြီး ဆက်သွယ်ရေးကွန်ရက်များ တိုးချဲ့

မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများ စဉ်ဆက်မပြတ် ချိတ်ဆက်နိုင်စေရန်အတွက် MPT မှ မိုဘိုင်းကွန်ရက်ကို တိုးချဲ့လျက်ရှိရာ မိုဘိုင်းစခန်းအသစ် ၂၇ ခု ထပ်မံဖွင့်လှစ်ခဲ့ပြီး ဆက်သွယ်ရေးကွန်ရက်များ တိုးချဲ့နေတယ်လို့ သိရပါတယ်။

ယခုကွန်ရက်တိုးချဲ့မှုအနေဖြင့် နေပြည်တော်၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) တို့တွင် မိုဘိုင်းစခန်းအသစ် (၂၇) ခုကို တည်ဆောက်ခဲ့တဲ့အပြင် မကွေးတိုင်းဒေသကြီးရှိ လက်ရှိ မိုဘိုင်းစခန်း (၉) ခုကိုလည်း မြန်နှုန်းမြင့် 4G LTE ဝန်ဆောင်မှုသို့ အဆင့်မြှင့်တင်ခဲ့ပြီး ဒေသခံပြည်သူများအတွက် ပိုမိုမြန်ဆန်ပြီး အရည်အသွေးမြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုကို ပံ့ပိုးပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

MPT အနေဖြင့်၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် MPT 4G/LTE ဝန်ဆောင်မှုကို စတင်ခဲ့ပြီးနောက် ပြည်သူများ အဆင့်မြင့် မိုဘိုင်းနည်းပညာများ အသုံးပြုလာစေရန် လျင်မြန်စွာ အရှိန်မြှင့်တင်ပေးခဲ့ပြီး ယနေ့အထိ MPT ၏ အကြီးမားဆုံးသော 4G/LTE ကွန်ရက်သည် မြို့နယ်ပေါင်း ၃၀၀ ကျော်တွင် ကွန်ရက်လွှမ်းခြုံထားကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ ၉၆ ရာခိုင်နှုန်းကို လွှမ်းခြုံထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

MPT ဟာ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ပြီး KSGM သည် ဂျပန်ပူးပေါင်းဆောင်ရွက်သူများဖြစ်ကြသည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ ပိုင်ဆိုင်ထားခြင်း ဖြစ်ကာ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်မြှင့်တင်နိုင်ရန်အတွက် MPT အနေဖြင့် KDDI နှင့် Sumitomo တို့ဖြင့် ပူးပေါင်းပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံကြရန် ရည်ရွယ်ခဲ့တယ်လို့လည်း သိရပါတယ်။

Photos- MPT

Your Ad Here
Ad Size: 336x280 px

More News