[latest_news_marquee]

ငွေဆောင်မှာ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းတစ်ခု တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မယ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြိုအတွင်းမှာ Galaxy Red Star Company Limited (Myanmar) နဲ့ တရုတ်နိုင်ငံ GCL Green Energy Technology Company Limited တို ပူးပေါင်းဆောင်ရွက်မယ့် ၂၅၀ မဂ္ဂဝါပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း ဆောင်ရွက်မယ်လို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲမှ သိရပါတယ်။

အဆိုပါ စီမံကိန်းနဲ့ ပတ်သက်လို နည်းပညာပိုင်းဆိုင်ရာများကို ကုမ္ပဏီတာဝန်ရှိသူများဟာ စက်တင်ဘာလ ၂၈ ရက်က တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းထံ လာရောက်ရှင်းလင်းတင်ပြခဲ့တာလို သိရပါတယ်။

ကုမ္ပဏီမှ တာဝန်ရှိသူများက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြိုအတွင်းရှိ မြေလွတ်မြေရိုင်း ဧက ၁၀၀၀ ပေါ်မှာ တည်ဆောက်မယ့် အဆိုပါ ၂၅၀ မဂ္ဂဝါပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာများ၊ စီမံကိန်းရဲ့ ဒီဇိုင်းရေးဆွဲတဲ့ အဆင့်မှစပြီး အဆင့်လိုက် ဆောင်ရွက်ပြီး မဟာဓာတ်အားလိုင်းကို ချိတ်ဆက်ဆောင်ရွက်မယ့် အခြေအနေများ၊ ဆိုလာစနစ်ဟာ ရေအားလျှပ်စစ်စီမံကိန်းများနှင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပိုမိုမြန်ဆန်စွာ ဖြည့်ဆည်းပေးနိုင်တဲ့ အဓိက အားသာချက်များကို ရှင်းလင်းတင်ပြခဲ့တယ်လို သိရပါတယ်။

Photos- MWD

Your Ad Here
Ad Size: 336x280 px

More News